အင်းတော်နယ်တွင် ထောင်ထားသည့် မိုင်းကြိုးစဆွဲမိသဖြင့် အမျိုးသား၂ဦးသေဆုံး

အင်းတော်နယ်တွင် ထောင်ထားသည့် မိုင်းကြိုးစဆွဲမိသဖြင့် အမျိုးသား၂ဦးသေဆုံး
ထောင်ထားသည့် မိုင်းကြိုးစဆွဲမိသဖြင့် အမျိုးသား ၁ ဦးသေဆုံးမြင်ကွင်း
ထောင်ထားသည့် မိုင်းကြိုးစဆွဲမိသဖြင့် အမျိုးသား ၁ ဦးသေဆုံးမြင်ကွင်း

အင်းတော်မြို့နယ် နန့်ကင်ရွာတွင် ထောင်ထားသည့် မိုင်းဝါယာကြိုးစဆွဲမိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ဦး ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်း ၂ နာရီအချိန်တွင် နန့်ကင်ကျေးရွာမှ အမျိုးသား ၂ဦးသည် ရထားသံလမ်းအနီး နွား ကျောင်းရန်ထွက်လာစဉ် အနီးတဝိုက်ထောင်ထားသည့် မိုင်း၏ ဝါယာကြိုးစကို မသိဘဲ ဆွဲမိရာ မိုင်းပေါက်ကွဲ သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သို့ပြောသည်။

“သူတို့နှစ်ယောက်က နွားလာဆွဲတာ။ တစ်ယောက်က တဲပေါ်မှာနေနေပြီး တစ်ယောက်က နွားသွားဆွဲနေတာ ပေါက်ကွဲတဲ့ မိုင်းက ကြိုးဆွဲမိုင်းတဲ့။ အစပေါ်နေတဲ့ မိုင်းကြိုးစဆွဲမိလိုက်တာကနေ ပေါက်ကွဲသွားတာ။ ပြီးနှစ်ယောက်စလုံးသေသွားတာပါ”ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသွားသည့် အမျိုးသား ၂ဦးသည် အသက် ၅၂နှစ်ရှိသူ ဦးလှထွန်း (မိုင်းကြိုးစဆွဲမိသူ)နှင့် ဦးချစ်ဝင်း(တဲပေါ်တွင်ရှိ)သူ တို့ဖြစ်ကြသည်။

အဆိုပါ ရထားသံလမ်းအနီးတွင် ပေါက်ကွဲသွားသည့် မိုင်းသည် မည်သည့်ဘက်မှ ထောင်ထားသည့် မိုင်းဖြစ်ကြောင်းကို အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု အင်းတော် PDF အဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။

“ကျွန်တော်တို့လည်းစုံစမ်းနေတုန်းဗျ။ ဘယ်ဘက်ကလုပ်တယ်ဆိုတာ စစ်ကောင်စီတပ်ဘက်က လုပ်တာဆိုရင်လည်း ပြည်သူတွေသတိထား ရအောင်။ နောက်ပြီးတော့ အဲ့မှာက စစ်သားတွေတော်တော် ခြေရှုပ်တယ်။ သူတို့လာတဲ့လမ်းကြောင်းမှာ ကျနော်တို့ဘက်က အဖွဲ့ခွဲလေးတွေက များတော့ ကိုယ့်ဘက်က လုပ်တယ်ဆိုလို့ရှိရင်လည်း ပြန်ပြီးမှ တောင်းပြန်လို့ရအောင်ပြန်ပြီးတော့စိစစ်နေတယ်”ဟုပြောဆိုသည်။

ထို့နောက် အင်းတော်မြို့နယ် မဲဇာရွာတွင်လည်း ပြီးခဲ့သော ဇွန်လ ၆ ရက်နေ့ လူနေအိမ်ခြံဝင်းတစ်ခုတွင် ဗုံးသီးတစ်လုံးတွေ့ရှိရသဖြင့် ထိုဗုံးသီးကို ဖမ်ရှားနေစဉ် အသက် ၅၀နှစ်အရွယ်ရှိ အိမ်ရှင်အမျိုးသမီး ဒေါ်မလွေ ထိမှန်သေဆုံးခဲ့ကြောင်းသိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...