စစ်ကောင်စီမှ အကြောင်းမဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ဆိုင်းဖရာကျေးရွာက ကားတစ်စီး မီးလောင်

စစ်ကောင်စီမှ အကြောင်းမဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ဆိုင်းဖရာကျေးရွာက ကားတစ်စီး မီးလောင်
ပုံဟောင်းဖြစ်ပါသည်။
ပုံဟောင်းဖြစ်ပါသည်။

ဖားကန့်မြို့နယ်၊ ဆိုင်းဖရာကျေးရွာအတွင်း စစ်ကောင်စီတပ်ကနေ အကြောင်းမဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ  ရွာအတွင်းကို ကျရောက်ပြီး ပြည်သူတစ်ဦးရဲ့ ကားမီးလောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။

မနေ့က ဇူလိုင်လ(၃)ရက်နေ့ နေ့လယ်(၁၁)နာရီခွဲအချိန်လောက်မှာ  နန့်ယားစစ်ကောင်စီတပ်စခန်းကနေ (၈၀)မမလို့ခန့်မှန်းရတဲ့ လက်နက်ကြီးကျဉ်တစ်လုံးပစ်ခတ်လိုက်ပြီး ပြည်သူတစ်ဦးရဲ့ နေအိမ်ခြံဝန်းတစ်ခုအတွင်း ကျရောက်ခဲ့တာကြောင့် ‌ကားတစ်စီးပျက်စီးသွားတယ်လို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

" လူကတော့ မထိဘူး။ အိမ်ဝင်းမှာ ကျတာ။ four wheelကားတစ်စီး ထားထားတာ မီးလောင်သွားတယ်။ ရှေ့ဘီးနှစ်လုံး၊ နောက်ဘီး တစ်လုံး ပြုတ်ထွက်သွားတာ။"လို့ သူက ပြောပါတယ်။

ဆိုင်းဖရာကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်မှုဟာ အခုအခေါက်နဲ့ဆိုရင် (၃)ခါလောက်ရှိပြီလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂စစ်ကောင်စီတပ်စခန်းကနေ ရွာအတွင်း အခုလို အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်နေတာနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေ စိုးရိမ်နေကြရပါတယ်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...