သေ့ဘောဘိုးရွာထဲသို့ စစ်ကောင်စီတပ် ဗုံးကြဲချမှုကြောင့် ရွာသား ၂ ဦးသေဆုံးပြီး ၃ ဒဏ်ရာရ

သေ့ဘောဘိုးရွာထဲသို့ စစ်ကောင်စီတပ် ဗုံးကြဲချမှုကြောင့် ရွာသား ၂ ဦးသေဆုံးပြီး ၃ ဒဏ်ရာရ

မြဝတီတောင်ဘက်ရှိ သေ့ဘောဘိုးကျေးရွာထဲသို့ ဇွန်လ ၁ ရက်နေ့ ညနေ ၇ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ဗုံးကြဲချမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံရွာသားများက ကေအိုင်စီသို့ ပြောသည်။

“ကျေးရွာထဲတည့်တည့်ကို ပစ်ချသွားတာဗျာ။ အဲဒီမှာ ၂ ယောက်တော့ ပွဲချင်းပြီးသေသွားတယ်။ ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိသွားတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာပဲ ပစ်ချမယ်လို့ ထင်တာ ၊ အခုက ပြည်သူကို ပစ်မှတ်ထားပြီး ကြဲချတာဖြစ်ပါတယ်။ သေ့ဘောဘိုးနဲ့ ဥကရစ်ထ အဝေးကြီးပါဗျာ။ “ဟု သေ့ဘောဘိုးရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိအချိန်တွင် စာသင်ကျောင်းဝင်းထဲရှိ ကျောင်းသူကျောင်းသားများအပါအဝင် ရွာသူရွာသား ၁၀၀၀ ကျော်သည် သောင်ရင်းမြစ်ကမ်းနံဘေးသို့ ရွှေ့ပြောင်းသွားကြရပြီး အခြေအနေပိုမိုဆိုးရွားလာပါက ထိုင်းဘက်ခြမ်းသို့ ကူးရန် ပြင်ဆင်နေကြပြီဟု အဆိုပါ ရွာသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ရက်နေ့က စတင်ဖြစ်ပွားသည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)ပူးပေါင်းတပ်တို့ စစ်ကောင်စီ ဥကရစ်ထ စစ်ဆင်ရေးခြေကုပ်စခန်းသိမ်းတိုက်ပွဲမှာ ယနေ့ အချိန်ထိ တိုက်ပွဲပြင်းထန်သလို စစ်ကောင်စီဘက်လည်း ၅ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးကြောင့် သံဃာတော် ၂ ပါးအပါအဝင် အရပ်သား ၅ဦး အသက်သေဆုံးခဲ့ရပြီးဟု စစ်ရှောင်ကူညီဆောင်ရွက်သူများက ပြောသည်။

ထို့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုင်းဘက်ခြမ်းသို့ ကျည်ကျရောက်ပေါက်ကွဲမှုများရှိခဲ့၍ စာသင်ကျောင်းများလည်း ပိတ်ထားခဲ့ရသည့် အခြေအနေထိ ရှိခဲ့သည်ဟု သိရသည်။

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲကြောင့် ဝေါလေ၊ ရွှေအေးမြိုင်၊ ဥကရစ်ထ နှင့် ဝါ့မီထာ့ စသည့် ကျေးရွာများမှ ဒေသခံရွာသား ၁၅၀၀ ကျော်နှင့် ယခု သေဘော့ဘိုကျေးရွာမှ ရွာသား ၁၀၀၀ ကျော်မှာ ထိုင်း-မြန်မာ နယ်စပ်ကမ်းနံဘေးဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...