စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားတဲ့ လွိုင်လင်လေး ဒေသခံတွေ ပြန်လွတ်လာ

စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားတဲ့ လွိုင်လင်လေး ဒေသခံတွေ ပြန်လွတ်လာ
လွိုင်ကော်ဒေသခံ စစ်ဘေးရှောင်များ
လွိုင်ကော်ဒေသခံ စစ်ဘေးရှောင်များ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးကျေးရွာနဲ့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံ ၂၀ နီးပါးဟာ ဇွန် ၃၀ ရက်နေ့မှာ ပြန်လွတ်လာတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့က လွိုင်လင်လေးဒေသရှိ အရှေ့ဘက်ကုန်းမှီခိုနဲ့ လင်ဖုန်းကြီးကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီက လွိုင်လင်လေး  ဒေသခံ ၂၀ နီးပါးကို လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့အတွက် ဖမ်းဆီးခေါင်ဆောင်သွားတာ ဖြစ်ပါတယ်။

အခုအခါမှာ စစ်ကောင်စီတပ်ဟာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လွိုင်လင်လေး ဒေသခံတွေကို ပြန်လွတ်ပေးခဲ့သလို စစ်ကြောင်းလည်း နောက်ပြန်ဆုတ်သွားတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။

“ အခုတော့ သူတို့ဘက်က ပြန်ဆုတ်သွားပါပြီး ။ သူတို့တပ်ထဲမှာပဲ ပြန်နေတော့တာပါ။ သူတို့က လူသားဒိုင်းကာနဲ့ တက်လာတော့ ကျွန်တော်တို့ဘက်က အလုပ်ဆက်လုပ်လို့ မရဘူး။ နောက်ပိုင်းတော့ သူတို့ ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးလိုက်ပါပြီး” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လူသားဒိုင်ကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဒေသခံတွေကို ရိုက်နက်နှိပ်စက် ရှိ မရှိ မသိရသေးပေမယ့် ဖမ်းဆီးခေါ်ဆောင်စဉ် စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့ အထုပ်အပိုးတွေကို သယ်ဆောင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

လွိုင်လင်လေးတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲကို လက်နက်ကြီး အလုံး ၄၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ကယားပြည်နယ်တဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေသလို အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ မကြာခဏဆိုသလို ဒေသခံတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်နေပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...