ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက် မီးပွိုင့်လမ်းဆုံတွင် ကင်းစောင့် ရဲသား ၂ဦး ပစ်ခတ်ခံရမှုတွင် ဖမ်းဆီးခံခဲ့ရသော ဒေသပြည်သူ ၉ ဦးအနက် ၅ဦးသာလွှတ်မြောက်လာပြီး ကျန် ၄ ဦးသည် ဖမ်းဆီး တရားစွဲဆိုခံထားရကြောင်း ဒေသခံများထံမှသိရသည်။

ဇွန်လ ၂‌၈ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ မီးပွိုင့်လမ်းဆုံတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း စစ်ကောင်စီတပ်သည် ပြည်သူ ၉ ကိုဦးအားဖမ်းဆီးခဲ့ပြီး ၅ဦးကို ဇွန်လ ၂၉ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန် ၄ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုကာ ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်ဟု ဗန်မော်ဒေသခံတစ်ဦး KNG သတင်းဌာနကိုပြောဆိုထားသည်။

“အခင်းဖြစ်တဲ့နေ့ မနီးမဝေးမှာရှိတဲ့ တက်တူးဆိုင်က ဆိုင်ရှင်အပါ ပထမဆုံးဖမ်းသွားတာ ၆ယောက် ဟုတ်တယ်။ အဲလူတွေကိုဖမ်းထားပြီးမှနောက် ဖုန်းကနေတစ်ဆင့် ခြေရာခံပြီး ၃ယောက်ပြန်ခံရတယ်။ ဖမ်းခံရတာ အားလုံး ၉ယောက်ရှိတယ်။ အဲထဲမှ ၅ယောက်က မနေ့က ပြန်လွှတ်ပေးလိုက်တယ်။ ကျန်တဲ့ ၄ယောက်ကိုတော့ တရားစွဲလိုက်ပြီလို့သိရတယ်”ဟုပြောဆိုသည်။

ထို့ပြင် ယမန်နေ့လည် ၁၁ နာရီဝန်းကျင်တွင် အဆိုပါ ပြည်သူ ၆ဦးဖမ်းဆီးသွားတဲ့ တက်တူးဆိုင်သို့ ရဲအုပ်ကျော်ကိုကိုသန့် ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့များသည် တက်တူးဆိုင်အတွင်းမှတံခါးများ ရိုက်ဖွင့်ကာ တန်ဖိုးရှိပစ္စည်းများနှင့် ကွန်ပျုတာများ သိမ်းယူသွားကြောင်းသိရသည်။

အဆိုပါ သာစည်ရပ်ကွက် မီးပွိုင့်လမ်းဆုံနေရာတွင် ကင်းစောင့်နေသည့် ရဲသား ၂ဦးကို လူ ၂ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

ဗန်းမော်မြို့အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့တွင်း‌ ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပွားလျက်ရှိနေပြီး လက်ရှိတွင် စစ်ကောင်စီ၏ ဖမ်းဆီးခံရသည့် ပြည်သူ ၂၀ ဦးထက်မနည်းရှိပြီဖြစ်သည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...