အလွတ်တန်းသတင်းထောက် ကိုမျိုးနောင်နောင်ဇော် (ခ) နေနော်၏နေအိမ် ချိပ်ပိတ်ခံရ

အလွတ်တန်းသတင်းထောက် ကိုမျိုးနောင်နောင်ဇော် (ခ) နေနော်၏နေအိမ် ချိပ်ပိတ်ခံရ

မြဝတီမြို့အခြေစိုက် အလွတ်တန်းသတင်းထောက်ဖြစ်သူ ကိုမျိုးနောင်နောင်ဇော် (ခ) နေနော်၏ နေအိမ်အား  ဇွန်လ ၃၀ရက်နေ့၊ ညနေ ၅နာရီအချိန်တွင် အာဏာသိမ်း စစ်ကောင်စီအဖွဲ့က လာရောက်ချိပ်ပိတ်သွားသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

မြဝတီမြို့၊ အမှတ် ၃ ရပ်ကွက်၊ ကရင်စာပေ (၅) လမ်းနေ ကိုမျိုးနောင်နောင်ဇော် (ခ) နေနော် နေအိမ်အား အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(ခ)/၅၀(ည)အမှုဖြင့် စစ်ကောင်စီ ရဲတပ်ဖွဲ့က နေအိမ်ကို ဗီနိုင်းစာ လာကပ်ကာ ချိပ်ပိတ်သွားခြင်းဖြစ်သည်ဟု မျက်မြင် ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

၎င်းရပ်ကွက်နေထိုင်သူတစ်ဦးက “ညနေ ငါးနာရီလောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရော၊ အုပ်ချုပ်ရေးအဖွဲ့တွေကော အင်အား ၁၀၀လောက်နဲ့ လာပြီး ချိတ်ပိတ်သွားတယ်။ အခု သူ့အမျိုးသမီးနဲ့ ကလေးက အိမ်ပေါ်ကနေ ဆင်းလိုက်ရ တယ်ပေါ့နော်။”ဟု ကေအိုင်စီသို့ ပြောသည်။

မြဝတီအခြေစိုက် အလွတ်တန်း သတင်းထောက် ကိုမျိုးနောင်နောင်ဇော် (ခ) နေနော်ကို ယခုနှစ်၊ မတ်လ ၂၈ရက်နေ့ တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့ပြီး ယခုအချိန်၌ မြဝတီမြို့ အချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မ ၅၀၅(က) နှင့် ၅၂(ခ)တို့ဖြင့် တရားစွဲဆိုထားကြောင်း ကနဦး သိရှိရသည်။

ယခုလ ဇွန်လ ၈ရက်နေ့တွင်လည်း မြဝတီတောင်ဘက် မယ်ထော်သလေး-ပဟိကလော်ကျေးရွာလမ်းဆုံရှိ စစ်ရှောင် တစ်ဦး၏ စတိုးဆိုင်နှင့် နေအိမ်အား အာဏာသိမ်း စစ်ကောင်စီက ချိပ်ပိတ်မှု ပြုလုပ်ခဲ့သေးသည်။

ထို့အတူ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက်နေ့တုန်းကလည်း မြဝတီမြို့ ကြံခင်းရပ်ကွက်ရှိ NUG အမျိုးသားညီညွတ်ရေး အစိုးရ၊ ဝန်ကြီးချုပ်ဖြစ်သူ မန်းဝင်းခိုင်သန်း၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့သလို ၂၀၂၂ခုနှစ်၊ ဧပြီလ ၄ရက်နေ့ တွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ပြည်ခိုင်ဖြိုးလမ်း၌ ဖွင့်လှစ်ထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့် ဇင်အောင် ပိုင်ဆိုင်သည့် ရွှေဆိုင်ကို စစ်ကောင်စီရဲတပ်ဖွဲ့က သိမ်းဆည်းချိပ်ပိတ်ခဲ့သေးသည်။

Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...