ကျေးရွာမှမောင်းထုတ်ခံရ၍ ထွက်ပြေးတိမ်းရှောင်ရသူများထဲ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များပါဝင်၊ အစာနှင့်ဆေးဝါးလိုအပ်နေ

ကျေးရွာမှမောင်းထုတ်ခံရ၍ ထွက်ပြေးတိမ်းရှောင်ရသူများထဲ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များပါဝင်၊ အစာနှင့်ဆေးဝါးလိုအပ်နေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးငယ်ဖြင့် ပစ်ခတ် မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရများထဲတွင် အမျိုးသမီး၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပါဝင် ပြီး နေရေးစားရေး၊ ကျန်းမာရေး အရေးပေါ်လိုအပ်နေကြောင်း ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့များက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ၊ ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေပြီး မိုးတွင်းကာလ တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရခြင်းကြောင့် ကျန်းမာရေးအခက်အခဲများလည်း ကြုံတွေ့နေရ ကြောင်း ကိုယ်တိုင် တိမ်းရှောင်နေရသည့် ကျောက်ကြီးမြို့နယ်ရှိ ကရင်အမျိုးသမီးအစည်းအရုံး-KWO အဖွဲ့ဝင်တစ်ဦး က ယခုလို ပြောသည်။

သူမက “အခုက တောထဲမှာ လိုက်ပြေးနေရတော့ တော်တော်လေး အခက်အခဲဖြစ်နေတယ်။ အစားအသောက်တွေ၊ ဆေးဝါးတွေ မလုံလောက်ဘူး။ နေရတာလည်း လုံခြုံမှု မရှိကြဘူး။ အခု လက်နက်ကြီးသံ ကြားပြီးဆိုရင် လင်မေ့သား မေ့ ပြေးပုန်းရတာပဲ။ ကျမဆိုရင် အခု ကိုယ့်မိသားစုဝင်နဲ့ကို မတွေ့ရသေးဘူး။ ပြေးကြရတာ တကွဲတပြား ဖြစ်နေ တယ်။"ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ဒေသခံများမှာ ကျေးရွာပေါင်း ၁၂ရွာမှ ရွာသူရွာသား (၁၀,၅၂၆)ကျော်ရှိပြီး ၎င်းမြို့နယ်အတွင်း လတ်တလော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကရင်လူငယ်အစည်းအရုံး-KYO နှင့် ကရင်အမျိုး သမီးအစည်းအရုံး-KWO တို့ကလည်း ဆန့်ကျင်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ထားကြသည်။

ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ် တို့တွင် စစ်ကောင်စီနှင့် KNU လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား နေ့စဉ်ဆက်တိုက် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီ ဘက်မှ ဒေသခံရွာသားများကို ကျေးရွာများမှ ထွက်ခွာရန် မောင်းထုတ်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း KNU က ဇွန်လ ၂၉ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

၎င်းထုတ်ပြန်ချက်တွင် ဇွန်လ ၂၅ရက်မှ ဇွန်လ ၂၈ရက်နေ့အထိ ကျောက်ကြီးနှင့် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများ တွင် နှစ်ဖက်ထိပ်တိုက် တိုက်ပွဲပေါင်း ၆ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ကျောက်ကြီးမြို့ပေါ်ရပ်ကွက် အပါအဝင် ကျေးရွာပေါင်း ၂၀နီးပါးကိုလည်း စစ်ကောင်စီဘက်မှ သတိပေးခြိမ်းခြောက်ကာ ဆက်တိုက်မောင်းထုတ်နေကြောင်း ဖော်ပြထားသည်။

ဇွန်လ ၂၅ရက်နှင့် ၂၆ရက်နေ့တို့တွင် နှစ်ဖက် ထိပ်တိုက်တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၉ဦး ထိခိုက်သေ ဆုံးမှုရှိကြောင်း၊ ဇွန်လ ၂၇ရက်နှင့် ၂၈ရက်နေ့များ၌ ထပ်မံဖြစ်ပွားသည့် တိုက်ပွဲ ၃ကြိမ်တွင်လည်း စစ်ကောင်စီဘက်မှ ၈ဦး ထပ်မံ သေဆုံးကာ KNU ဘက်မှ ထိခိုက်သေဆုံးမှုမရှိကြောင်း KNU က ထုတ်ပြန်ထားသည်။

ထိုသို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီဘက်မှ နယ်မြေရှင်းလင်းရေးအသွင် လုပ်ဆောင်နေပြီး ဒေသခံလူ ထုများ နေထိုင်ရာကျေးရွာများအတွင်းသို့ ပြီးခဲ့သည့် ဇွန်လ ၂၄ရက်နေ့မှစ၍ နေ့စဉ် လက်နက်ကြီးများ ပစ်ခတ်၍ ကျေး ရွာမှ ထွက်ခွာရန် ဖိအားပေးနေပြီး ကျောက်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာဒေသခံများကို ကျေးရွာများမှ ထွက်ခွာ ရန် ခြိမ်းခြောက်မောင်းထုတ်ခဲ့သည်ဟု KNU ဘက်က ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က စစ်ကောင်စီဘက်မှ ကျောက်ကြီးမြို့ရှိ မေတ္တာရပ်ကွက်၊ သိမ်တန်းရပ်ကွက်နေ ပြည်သူ များကိုထွက်ခွာရန် သတိပေးခဲ့ကာ အလားတူ ဇွန်လ ၂၈ရက်နေ့က ရွာကန့်လန့်ကျေးရွာ အခြေစိုက် စစ်ကောင်စီတပ် ဖွဲ့ဝင်များကလည်း ရွာကန့်လန့်၊ ထိုးဝါးစိုက်၊ ပြည်တော်သာကျွန်းကြီးနှင့် ရွှေသောင်ကျေးရွာမှ ဒေသခံလူထုကို ဆက် လက်မောင်းထုတ်ခဲ့သည်။

KNU ထိန်းချုပ်နယ်မြေ မုန်းမြို့နယ်ရှိ နောင်ကုန်းကျေးရွာ၊ ရန်မျိုးအောင်ကျေးရွာနှင့် ကျောက်ကြီးမြို့နယ်ရှိ ကျွန်း ကုန်း၊ လယ်ဝိုင်းကြီး၊ ညောင်ကုန်း၊ ညောင်တန်း၊ နရွဲပင်၊ ငဗြက်အင်း၊ ကြို့ကုန်း၊ အင်းနက်၊ သဲကုန်း၊ ဝဲလဗျင်း၊ အောက် ချင်းကုန်း၊ လှည်းလမ်းကုန်း၊ စပ်လဲ၊ မတောကုန်း၊ ကျွဲချိုအင်း၊ လော်မူသော၊ လော်မူပယ်၊ ရွာကန့်လန့်၊ ထိုးဝါးစိုက်၊ ပြည်တော်သာကျွန်းကြီး၊ ရွှေသောင်၊ ထိပ်ပေါက်၊ ပတ္တလား၊ ကြိမ်တောမြောင်၊ အုတ်မြေဒူး၊ ထန်းပင်ကုန်း၊ မမယမ်း (အထက်ပိုင်း)၊ မမယမ်း(အောက်ပိုင်း) စသည့်ကျေးရွာပေါင်း (၃၀)မှ ရွာသူရွာသား (၁၆,၁၃၇)ဦးမှာလည်း ဘေးလွတ် ရာ စစ်ဘေးရှောင်နေကြရကြောင်း KNU ၏ ဇွန်လ ၂၉ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်၌ KNU ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃)နယ်မြေအတွင်း အဓိက စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင် စီတပ်များမှာ ခြေမြန်တပ်ရင်း (ခမရ-၂၀)၊ (ခမရ-၁၂၄)၊ (ခမရ-၄၃၉)နှင့် (ခမရ-၃၅၀) ပူးပေါင်းတပ်တို့ဖြစ်ပြီး ကျောက် ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃အုပ်စုမှ ကျေးရွာ(၁၅)ရွာကို ကျေးရွာများမှ ထွက်ခွာကြရန် စစ်ကောင်စီ၏ ခမရ-၂၀ တပ်ရင်းမှူးမှ သတိပေး ခြိမ်းခြောက် မောင်းထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း KNU က ဇွန်လ ၂၄ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသေးသည်။

Most read this week

April 11, 2024
မောင်ကျော်စွာ — ဒီနှစ်ရက် သုံးရက်အတွင်း မြဝတီမြို့နဲ့ပတ်သက်တဲ့သတင်းတွေက...
April 11, 2024
မြဝတီမြို့နှင့်အနီးတဝိုက်တွင် လက်ရှိဖြစ်ပွားနေသော အခြေအနေကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ...
April 11, 2024
စစ်ကောင်စီ၏ နေပြည်တော်အေလာလေဆိပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၄...
April 11, 2024
မြဝတီမြို့ပြင် အာရှလမ်းမနေရာရှိ ခြေလျင်တပ်ရင်း-ခလရ ၂၇၅ မြို့စောင့် တပ်ရင်းမှ...