အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ် ယနေ့ စတင်မည်

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ် ယနေ့ စတင်မည်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်  ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းရဲ့ ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ်ကို ဇွန် ၂၉ ရက်မှာ စတင်မယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ သူရဲ့ ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ်အဖြစ် ဇွန် ၂၉ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ၂ ရက်တာ လာရောက်မှာ ဖြစ်ပါတယ်။

သူရဲ့ မြန်မာပြည်ခရီးစဉ် မစခင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ကနေ မူလထိန်းသိမ်းထားတဲ့နေရာ ပြန်ထားဖို့ အပါအဝင် တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်က ပယ်ချထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ  အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးဖို့ စတဲ့ကိစ္စရပ်တွေ ‌ဆွေးနွေးသွားဖို့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည် ခရီးစဉ်ဟာ အရင်တစ်ကြိမ်တုန်းကလိုပဲ အောင်မြင်မှာ မဟုတ်သလို စစ်ကောင်စီရဲ့ လိမ်ညာမှုတွေ နားထောင်ပြီး ပြန်ရမယ့် ခရီးစဉ် ဖြစ်တာကြောင့် လာတောင် မလာသင့်ဘူးလို့ ဝေဖန်လိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ မတ် တတိယပတ်တုန်က မြန်မာနိုင်ငံကို လာရောက်ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီခရီးစဉ်မှာ အာဆီယံ ဘုံသဘောတူညီချက် ငါး ချက်ကို အကောင်အထည်ဖော်ပေးဖို့ စစ်ကောင်စီက တိုက်တွန်းထားတာပါ။

အာဆီယံ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ငါး ချက်မှာတော့ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်ဖြေရှင်းမှုတွေ ရပ်ဆိုင်းဖို့၊ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်း စာနာအထောက်အထားမှု အကူအညီတွေ ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါပေမယ့် အဲဒီဘုံသဘောတူညီချက် ငါးချက်ကိုတော့ စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ အကောင်အထည်ဖော်တာ မရှိသေးပါဘူး။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...