အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည်

အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှ ရန်ကုန် နှင့် မန္တလေး သို့ ပြေးဆွဲနေသော မော်တော်ယာဥ်စီးခနှုန်းထားများကို ဇွန်လ ၃၀ ရက်နေ့မှ စတင်၍ ကျပ် ၇၀၀၀ အထိ တိုးမြင့်ကောက်ခံသွားတော့မည် ဖြစ်ကြောင်း မြစ်ဖျားဧရာ အဝေးပြေး ယာဥ်ရပ်နားစခန်း မှ သိရသည်။

လတ်တလော မြစ်ကြီးနား မှ မန္တလေး အထိ ၂၈၀၀၀ ကျပ်၊မြစ်ကြီးနား မှ ရန်ကုန်အထိ ၃၈၀၀၀ သာ ရှိသော်လည်း လာမည့် ဇွန်လ ၃၀ ရက်နေ့မှ စတင်ကာ လက်ရှိ နှုန်းထက် ကျပ် ၇၀၀၀ အထိ တိုးမြင့်ကောက်ခံသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ယာဥ်ကြီးကြပ်ရေးကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက KNG သို့ ပြောသည်။

”ဟုတ်တယ်ဗျ ဒီအဝေးပြေး မော်တော်ယာဥ်လိုင်းတွေက ယာဥ်စီးခ တိုးမြင့် ကောက်ခံဖို့ရှိမယ်။ ရုံးကို တင်ပြပေးလိုက်တာ နည်းနည်းတော့ ရမယ်တဲ့။ အရင်တုန်းက ၃၈၀၀၀ ကနေ အခုက ၄၅၀၀၀ ကောက်သွားမယ် မန္တလေးကတော့ အရင်က ၂၈၀၀၀ ၊ ၃၀၀၀၀ ပေါ့အခုက သုံးသောင်းခွဲကောက်မှာ” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ယာဥ်စီးခနှုန်းထား တိုးမြင့်ကောက်ခံရခြင်းမှာ စက်သုံးဆီစျေး မြင့်တက်လာခြင်းကြောင့် မော်တော်ယာဥ်အသင်းများ ရေရှည် ရပ်တည်လာရန် အခက်အခဲ ကြုံတွေ့နေရခြင်းကြောင့်ဖြစ်ပြီး လိုက်ပါစီးနင်မည့် ခရီးသည်လည်း လျော့နည်းကျဆင်းသွားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား – မန္တလေးလမ်းပိုင်းတွင် မေလ ၁၃ ရက်နေ့က သစ္စာလှိုင်ခရီးသည်ကား ည ၉ နာရီအချိန်တွင် ဓားပြတိုက်ခံရ၍ ခရီးသည်နှင့် ကားသမား၏ လက်ကိုင်ဖုန်းများ၊ ငွေသားများနှင့် လက်ဝတ်ရတနာများပါသွားပြီး ယင်းမတိုင်မှီကလည်း ဓားပြတိုက်ခံရမှု မကြာခဏရှိခဲ့ရာ ယခုနောက်ပိုင်း မော်တော်ယာဥ်ဖြင့် ခရီးသွားသူ လျော့နည်းလာကြောင်း မော်တော်ယာဥ်အသင်းများမှ စုံစမ်း သိရှိရသည်။

လက်ရှိတွင် မြစ်ဖျားဧရာ အဝေးပြေးယာဥ်ရပ်နားစခန်းမှ တိုင်းနှင့်ပြည်နယ်အသီးသီးတို့ ပြေးဆွဲနေသည့် ယာဥ်လိုင်းပေါင်း ၈၀ ကျော်ရှိပြီး ယင်းအနက် ယာဥ်လိုင်း ၃ လိုင်းခန့်မှာ စက်သုံးဆီစျေးမြင့်တက်မှုကြောင့် လွန်ခဲ့သည့်လက ရပ်နားလိုက်ကြောင်းသိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...