ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဘင်္ဂလီဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ ဝင်လို၍ ဆူပူသောင်းကျန်းနေ ဆိုတဲ့သတင်းအမှား

ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဘင်္ဂလီဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ ဝင်လို၍ ဆူပူသောင်းကျန်းနေ ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို စစ်အောင်ဆိုတဲ့ Facebook အကောင့်မှာ “ဇွန် ၁၉ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ဒုက္ခသည်စခန်းများမှ ဘင်္ဂလီများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လိုသည်ဟုဆိုကာ ဆူပူသောင်းကျန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။”

 

ဆက်လက်ပြီး “ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ပြည်နယ်နယ်စပ်သို ခိုးဝင်လာသည့် ဘင်္ဂလီများသည် ၂၀၁၀ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းမှုများနှင့် လူမျိုးလိမ်အမည်ဖြင့် နိုင်ငံသားဖြစ်ရေး လုပ်ဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ပြန်လည်ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ကိုဗစ်-၁၉ကာလ စီးပွားရေးအခက်အခဲကြောင့် နိုင်ငံတကာမှ အကူအညီ မရရှိခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လုပ်ကိုင်စားသောက်ရန် ခက်ခဲခြင်းကြောင်း ရခိုင်ပြည်နယ်သို တကြော့ပြန် ဝင်ရောက်ရန် ကြံစည်လာကြောင်း သတင်းရရှိသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

 

ဒီသတင်းမှားမှာဖော်ပြထားသလို “ဇွန် ၁၉ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ဒုက္ခသည်စခန်းများမှ ဘင်္ဂလီများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လိုသည်ဟုဆိုကာ ဆူပူသောင်းကျန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း” ဒေသတွင်းသတင်းဌာတွေမှာဖော်ပြထားတာမျိုးမရှိပါဘူး။

 

ဒီသတင်းအမှားကို Sithumyint Sithumyint၊ Minn Mg၊ Online၊ KyawGyi၊ Min Sitt Thar၊ Nay Min Khant၊ Min Naung Yoe စတဲ့အကောင့်များမှာသာရေးသာဖော်ပြထားတာဖြစ်ပြီးတော့ ဒေသတွင်းသတင်းဌာနတွေဖြစ်တဲ့ Narinijara၊ Development Media Group (DMG) တွေမှာလည်းဖော်ပြရေးသာထားတာမျိုးမရှိသလို သတင်းဌာနကြီးဖြစ်တဲ့ BBC၊ DVB၊ Mizzima၊ VOA စတဲ့နေရာတွေမှာလည်း ဖော်ပြထားခြင်မရှိပါဘူး။

 

ဒါကြောင့်စစ်အောင်ဆိုတဲ့ Facebook အကောင့်ကနေရေးသားဖော်ပြထားတာဟာ သတင်းအမှားဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်ယောက်ကနေရေးတင်တဲ့ သတင်းတွေကိုမယုံပဲ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနမှသတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...