ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဘင်္ဂလီဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ ဝင်လို၍ ဆူပူသောင်းကျန်းနေ ဆိုတဲ့သတင်းအမှား

ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဘင်္ဂလီဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ ဝင်လို၍ ဆူပူသောင်းကျန်းနေ ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို စစ်အောင်ဆိုတဲ့ Facebook အကောင့်မှာ “ဇွန် ၁၉ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ဒုက္ခသည်စခန်းများမှ ဘင်္ဂလီများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လိုသည်ဟုဆိုကာ ဆူပူသောင်းကျန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။”

 

ဆက်လက်ပြီး “ဘင်္ဂလားဒေ့ရှ်မှ ရခိုင်ပြည်နယ်နယ်စပ်သို ခိုးဝင်လာသည့် ဘင်္ဂလီများသည် ၂၀၁၀ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းမှုများနှင့် လူမျိုးလိမ်အမည်ဖြင့် နိုင်ငံသားဖြစ်ရေး လုပ်ဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ပြန်လည်ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ကိုဗစ်-၁၉ကာလ စီးပွားရေးအခက်အခဲကြောင့် နိုင်ငံတကာမှ အကူအညီ မရရှိခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လုပ်ကိုင်စားသောက်ရန် ခက်ခဲခြင်းကြောင်း ရခိုင်ပြည်နယ်သို တကြော့ပြန် ဝင်ရောက်ရန် ကြံစည်လာကြောင်း သတင်းရရှိသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

 

ဒီသတင်းမှားမှာဖော်ပြထားသလို “ဇွန် ၁၉ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ဒုက္ခသည်စခန်းများမှ ဘင်္ဂလီများသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လိုသည်ဟုဆိုကာ ဆူပူသောင်းကျန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း” ဒေသတွင်းသတင်းဌာတွေမှာဖော်ပြထားတာမျိုးမရှိပါဘူး။

 

ဒီသတင်းအမှားကို Sithumyint Sithumyint၊ Minn Mg၊ Online၊ KyawGyi၊ Min Sitt Thar၊ Nay Min Khant၊ Min Naung Yoe စတဲ့အကောင့်များမှာသာရေးသာဖော်ပြထားတာဖြစ်ပြီးတော့ ဒေသတွင်းသတင်းဌာနတွေဖြစ်တဲ့ Narinijara၊ Development Media Group (DMG) တွေမှာလည်းဖော်ပြရေးသာထားတာမျိုးမရှိသလို သတင်းဌာနကြီးဖြစ်တဲ့ BBC၊ DVB၊ Mizzima၊ VOA စတဲ့နေရာတွေမှာလည်း ဖော်ပြထားခြင်မရှိပါဘူး။

 

ဒါကြောင့်စစ်အောင်ဆိုတဲ့ Facebook အကောင့်ကနေရေးသားဖော်ပြထားတာဟာ သတင်းအမှားဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်ယောက်ကနေရေးတင်တဲ့ သတင်းတွေကိုမယုံပဲ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနမှသတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...