ကြာအင်းဆိပ်ကြီး- မြို့နယ်၊ ရွာတွေပြည်သူတွေ ဗုံးခိုကျင်းတွေတူးထားပါ ဆိုတဲ့သတင်းအမှား

ကြာအင်းဆိပ်ကြီး- မြို့နယ်၊ ရွာတွေပြည်သူတွေ ဗုံးခိုကျင်းတွေတူးထားပါ ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို ဇွန်လ ၁၉ ရက်နေ့က “တစ်ချိန်တုန်းက အောင်စစ်သည်” အကောင့်ကနေပြီး“ယုံကြည်ရာ အစုအဖွဲ့လေးတွေနဲ့ ညီညွတ်စွာနေကြ…မကြာခင်… ကြာအင်းဆိပ်ကြီးမြို့နယ် စစ်တလင်းဖြစ်တော့မယ်… ကယာပြည်နယ်လိုဖြစ်အောင် EAOs တွေလုပ်ကြမယ်…. ကရင်ပြည်သူထုကိုချစ်တာ ပြည်ရူးအတွက်မရုတ်ပါ. သူတို့အကျိုးစီးပွားရေး KNU EAOs လူတစုအတွက်သာဖြစ်… ခလယ်တခွန်တိုင်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုမ်ချောင်းနှစ်ခွ… ရွာကြီးတွေဖျက်ဆီးခံ စစ်တလင်းဖြစ်တော့မယ်… EAOs တစ်ဦးဆီက သတင်းအခိုင်အမာ သိရပါတယ်”  လို့ရေးတင်ထားတာဖြစ်ပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်မှာ ယခင်ကတော့ စစ်ကောင်စီတပ်နဲ့ KNU အကြားတိုက်ပွဲဖြစ်ပွားမှုရှိခဲ့ဖူးပါတယ်။ ဒီရက်ပိုင်းအတွင်းမှာတော့ KNU ဘက်ကတော့ ထိုးစစ်ဆင်တိုက်ခိုက်တွေမရှိခဲ့ပါဘူး။ ဒါဟာ ပြည်သူလူထုတွေအလန့်တကြားဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့သတင်းသာဖြစ်ပါတယ်။

ကရင်ပြည်နယ်သတင်းတွေကို စဉ်ဆက်မပြတ်စောင့်ကြည့်ရေးသားနေတဲ့ KIC သတင်းဌာနမှာ ကြာအင်းဆိပ်ကြီးသတင်းနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်း ရေးသားဖော်ပြထားတာမရှိပါဘူး။ ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကတော့ ကြာအင်းဆိပ်ကြီးဘက်မှာ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့တယ်ဆိုတာကို ဖော်ပြထားတာတွေ့ရပါတယ်။ အောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါတယ်။

Link>>>https://www.facebook.com/KICNewsPage/videos/5268828429805440/

လက်ရှိအချိန်မှာတော့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ တိုက်ပွဲပြင်ထန်နေတယ်ဆိုတဲ့သတင်းတွေ မရှိသေးပါဘူး။ ဒါကြောင့် ပြည်သူများအနေနဲ့ သတင်းဌာနကြီးတွေကသတင်းများနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ ကိုယ်ပြည်နယ်မှာရှိတဲ့ သတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...