ကရင်နှင့် ကယားမှာ နိုင်ငံခြားသားမျက်နှာဖြူ ကြေးစားစစ်သားတွေက ဝင်တိုက်ကူဆိုတဲ့သတင်းအမှား

ကရင်နှင့် ကယားမှာ နိုင်ငံခြားသားမျက်နှာဖြူ ကြေးစားစစ်သားတွေက ဝင်တိုက်ကူဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို ဇွန်လ ၁၈ ရက်နေ့က Shwekayan Shwrkayan (ရွှေကယန်း-ရွှေကယန်း) အကောင့်မှာ တင်ထားတာဖြစ်ပြီး “ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ ထိုင်းနိုင်ငံ အလွယ်တကူခရီးသွားဟန်ပုံစံနဲ့ တဆင့်ဝင်ရောက်လာတဲ့ နိုင်ငံခြားသားမျက်နှာဖြူ ကြေးစားစစ်သားတွေကို NUGမှ Bonds ရောင်းရငွေ ၁၀ သန်းမှ (စင်္ကာပူတွင်ရုံးခွဲများအခြေစိုက် နာမည်ဖော်ပြခွင့်မရှိ) ဆီးရီးယား၊ အီရတ်တို့မှာ ကြေးစားပုဂ္ဂလိက အရင်းရှင်စစ်တပ် အငြိမ်းစားများကို တစ်ဦးလျှင် ဒေါ်လာ ၃ သိန်း (၃၀၀,၀၀၀) မှ ဒေါ်လာ ၅ သိန်း (၅၀၀,၀၀၀) အထိ (အာမခံကြေး) အပါ ခေါ်ယူကာ သင်တန်းများပေးခြင်း စစ်ကူတိုက်ပေးခြင်းများ ပြုလုပ်နေပါတယ်’’ ဆိုပြီး ဖော်ပြခဲ့ တာဖြစ်ပါတယ်။

ဒါ့အပြင် စင်္ကာပူရောက်မြန်မာပြည်ဖွား စင်္ကာပူနိုင်ငံသားများမှခေါ်ပေးကာ ထိုင်းရောက်မြန်မာများမှ အထက်ပါနိုင်ငံသားများကို နေစရာထိုင်စရာပေးနေတယ်၊ မိမိစုံစမ်းထားသမျှ The Expendables အဖွဲ့မှ ကြေးစားစစ်သားများ၊ MI 6 မှ Pierce Brosnan (ငြိမ်း)မှ တာဝန်ယူပေးခြင်း၊ ကြေးစားလူသတ်သမား Keanu Reeves (John Wick နာမည်ဝှက်)၊ Free Burma Ranger မှ အဖွဲ့ဝင်များ၊ CIA များ၊ MI Series များ၊ Non NGO များ၊ Volunteer များပါဝင်တယ်လို့သိရပါတယ်” လို့ရေးသားဖော်ပြထားပါတယ်။

Shwekayan Shwrkayan (ရွှေကယန်း-ရွှေကယန်း) အကောင့်မှာရေသားဖော်ပြထားသလို ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ နိုင်ငံခြားသားကြေးစားများက စစ်ကူတိုက်ပေးနေတယ်လို့ ဖော်ပြထားတဲ့ဓာတ်ပုံများကိုလည်း image Search နဲ့ရှာဖွေကြည့်တဲ့အခါ Hollywood ရုပ်ရှင်ဇာတ်ကား The Expendables နဲ့ Rambo ရုပ်ရှင်ဇာတ်ကားမှ ဓာတ်ပုံဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ တိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းဌာနကြီးတွေမှာရှာဖွေတဲ့အခါ နိုင်ငံခြားသားများ ကူညီပြီးတိုက်ပေးတယ်ဆိုတဲ့ သတင်းမျိုးမတွေ့ရပါဘူး။ ဇွန် ၁၈ ရက်နေ့ MizzimaDaily သတင်းမှာလည်း “ပဲခူးတိုင်း၊ KNU တပ်မဟာ (၃) နယ်မြေ ၊ကျောက်ကြီးမြို့နယ်ရှိ ကျောက်စရစ်ရွာမှ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ ဇွန်လ ၁၇ ရက် နံနက် ၅ နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံထံက သိရသည်။” လို့ဖော်ပြထားတာဖြစ်ပါတယ်။

Link>>> https://www.facebook.com/MizzimaDaily/videos/517261183480303/

သတင်းဌာနကြီးတွေမှာဖော်ပြချက်များအရ ကရင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ KNU/KNLA/ KPDF ပူးပေါင်းတပ်ဖွဲ့များသာ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေကြတာဖြစ်ပါတယ်။ နိုင်ငံခြားသား ကြေးစားစစ်သားတွေ ၀င်တိုက်ကူတာမျိုးမရှိခဲ့ပါဘူး။

ဒါကြောင့် Shwekayan Shwrkayan (ရွှေကယန်း-ရွှေကယန်း) အကောင့်မှာရေးသားဖော်ပြထားတဲ့ အကြောင်းအရာများဟာ သတင်းအမှာတစ်ပုဒ်သာဖြစ်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...