ကလေးမြို့ရှိ အထက (၈) ကျောင်းအား ကျောင်းသား/သူများ စာသင်နေစဉ် PDF အကြမ်းဖက်များမှ လက်လုပ်လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲ ဆိုတဲ့သတင်းအမှား

ကလေးမြို့ရှိ အထက (၈) ကျောင်းအား ကျောင်းသား/သူများ စာသင်နေစဉ် PDF အကြမ်းဖက်များမှ လက်လုပ်လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲ ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို စစ်ကောင်စီရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Fifty Two News ကရေးသားဖော်ပြထားတာဖြစ်ပြီး See Sar Htut အကောင့်က “မနေ့က ဇွန်လ (၁၆) ရက်နေ့က မနက် ၁၁ နာရီခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ နယ်မြေ (၆)၊ မြို့ပတ်လမ်းရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းမှာ မြို့ပေါ်ရှိကျောင်းသား/သူများ စာပေပညာသင်ကြားနေစဉ် PDF အကြမ်းဖက်များမှ ၎င်းတို့အားထိတ်လန့်ကြောက်ရွံပြီး ကျောင်းမတက်နိုင်ဖို့ ယုတ်မာတဲ့ရည်ရွယ်ချက်နဲ့ လက်လုပ်လက်ပစ်ဗုံးတစ်လုံးကို ကျောင်းဝန်းခြံစည်းရိုးအနီး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း သိရပါတယ်လို့” ပြန်လည်ရေးသားဖော်ပြထားပါတယ်။

အဲဒီကျောင်းမွာ လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာမှန်ပေမယ့် ဒါဟာ ကလေး PDF ကလုပ်ဆောင်တာမဟုတ်ပဲ စစ်ကောင်စီတပ်ဖွဲ့ကသာ လုပ်ဆောင်တာဖြစ်တယ်လို့ကလေး PDF အမှတ် ၆ တပ်ရင်းမှ ကိုဂျပန်ကြီးက ပြောပါတယ်။

“စစ်ကောင်စီဘက်က သူတို့ဘာသာသူတို့ ပစ်ခတ်ပြီး ကျနော်တို့ပဲ စွပ်စွဲနေတာ။ ကျနော်တို့အနေနဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း အစရှိတဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ အရာတွေကို ဗုံးနဲ့ပစ်မှာမဟုတ်သလို မီးရှို့ဖျက်ဆီးမှာလည်း မဟုတ်ဘူး”လို့ ကိုဂျပန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

Link>>>http://burmese.dvb.no/archives/538808

ပြည်သူများအနေနဲ့ သတင်းတွေိကိုဖတ်တဲ့အခါ ပြန်လည်ဝေမျှတဲ့အခါမှာ သတင်းအမှား/အမှန်ကို သေချာစွာဖတ်ရှုစစ်ဆေးပြီးမှ ဖတ်ရှု၊ မျှဝေကြဖို့တိုက်တွန်းလိုက်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...