မွန်ပြည်နယ်က ဧရာဝတီ ATM စက်တွေမှာ ငွေသား အကန့်အသတ်နဲ့ ပြန်လည်ထုတ်ပေးလာ

မွန်ပြည်နယ်က ဧရာဝတီ ATM စက်တွေမှာ ငွေသား အကန့်အသတ်နဲ့ ပြန်လည်ထုတ်ပေးလာ

တစ်နှစ်ကျော်အကြာ ရပ်နားထားတဲ့ မွန်ပြည်နယ်အတွင်းရှိ ဧရာဝတီဘဏ်ရဲ့ ATM  စက်တွေမှာ ဇွန်လ တတိယအပတ်ကစပြီး ငွေသား အကန့်အသတ်နဲ့ ပြန်လည် ထုတ်ပေးနေတယ်လို့ ဧရာဝတီဘဏ် အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ATM ငွေထုတ်စက်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေအပြင် ငွေကြေး အလုံအလောက် မထည့်နိုင်တဲ့အတွက် ငွေသား ထုတ်ပေးမှု ရပ်ဆိုင်းထားတာပါ။

လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်းရှိ ဧရာဝတီဘဏ်ရဲ့ ATM ငွေထုတ်စက်တွေမှာ တစ်ပတ်ကို ငွေကျပ် ၃ သိန်း နှုန်း ထုတ်ပေးနေပြီး အဲဒီလို ငွေထုတ်ပေးရာမှာလည်း လူတစ်ဦးလျှင် ကဒ် တစ်ကဒ်အတွက်သာ ငွေသားထုတ်ယူနိုင်တယ်လို့ ဧရာဝတီဘဏ် အကြီးတန်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ဧရာဝတီမှာ အကုန်လုံး ရတယ်လေ၊ တပတ် တစ်ခါ တပတ်လုံးမှ (၃)သိန်း ပဲနော်၊ မွန်ပြည်နယ်ထဲက ကြိုက်တဲ့ ဘဏ်မှာ ထုတ်လို့ ရတယ်နော်၊ တစ်ရက်ကို တစ်ကဒ် ထဲပဲရမယ်နော်၊ ကိုယ်နာမည်နဲ့ (၃) (၄)ကဒ် ရှိလည်း တစ်ကဒ်ပဲ ရမယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ATM ငွေထုတ်စက်တွေကနေ ငွေသားထုတ်ယူခွင့်အတွက် ဧရာဝတီဘဏ် တစ်ခုပဲ ရရှိသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ဘဏ်အသီသီးကလည်း ATM စက်တွေကနေ ငွေသားထုတ်ပေးဖို့ ပြင်ဆင်နေကြတယ်လို့ ပုဂ္ဂလိက ဘဏ်အသိုင်းအဝိုင်းက ပြောပါတယ်။

လက်ရှိမှာတော့ ဘဏ်စာအုပ် တစ်အုပ်ကို တစ်ပတ် ကျပ် ၅ သိန်းနှုန်း ငွေထုတ်ပေးနေတာ ဖြစ်ပြီး၊ ကျန်းမာရေးနဲ့ ဘာသာရေးဆိုင်ရာကိစ္စရပ်တွေအတွက် အထောက်အထား ခိုင်လုံရင် လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ဘဏ်စာရင်းတွေကနေ တစ်ပတ် ကျပ် သိန်း ၁၀၀ ထိ ငွေထုတ်ပေးနေတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...