အငြိမ်းစား စစ်မှုထမ်းဟောင်း တစ်ဦး ပစ်သတ်ခံရ

အငြိမ်းစား စစ်မှုထမ်းဟောင်း တစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်အတွင်းနေထိုင်သည့် စစ်မှုထမ်းဟောင်း အငြိမ်းစားတစ်ဦး သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။

စစ်ကောင်စီ သတင်းပေး ဒလန် ဟု နာမည်ပြီးနေသူ ဆေးပင်စင်အငြိမ်းစား စစ်မှုထမ်းဟောင်း တပ်သား ညွန့်ဝေ ဆိုသူ သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု သိရသည်။

“သေနတ်ဒဏ်ရာကတော့ ခေါင်းညာဘက်နားထင်မှာ တစ်ချက်နဲ့ ညာဘက်ရင်အုံမှာ တစ်ချက် ဒဏ်ရာတွေ ရ ထားပြီး ပွဲချင်းပြီးသေသွားတာ။ ဒီနေ့ လကွယ်နေ့ဆိုတော့ ရင်ခွဲစစ်ဆေးပြီး လယ်ကုန်းသုသာန်မှာပဲ ချက်ခြင်း သင်္ဂြိုလ်လိုက်ပြီ” ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဇွန်လ ၂၇ ရက်နေ့၊ နံနက် ၈ နာရီကျော်အချိန်တွင်  ဦးညွန့်ဝေ သည် လယ်ကုန်း-ခတ်ချို(ဇော်ဂျွန်း)လမ်းအတိုင်း  တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်လာစဉ် ကျော်(ဆံသ)ဆိုင်နှင့် မျက်နှာချင်းဆိုင်သို့ အရောက်တွင် အနောက် ဆိုင် ကယ်ပေါ်မှ သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားခြင်း ဖြစ်သည်ဟု ရပ်ကွက်နေ ပြည်သူများထံမှ  သိရသည်။

လယ်ကုန်းရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦး က “ညီမတို့ အိမ်နားလေးတော့ ဟုတ်တယ်။ ဗျောက် ဖောက်တဲ့ အသံလိုမျိုး အသံနှစ်ချက် ကြားလိုက်တာ။ ကြောက်လို့ သွားမကြည့်ဘူး” ဟု ပြောသည်။

သေဆုံးသူ ဦးညွန့်ဝေမှာ ကျောက်ဆည်မှ မြစ်ကြီးနားသို့ ပြောင်းရွှေ့လာကာ ယခင်က ခမရ ၁၄ တွင် တာဝန်ထမ်းဆောင်ခဲ့ သူ ဖြစ်သည်ဟု သိရသည်။ သေဆုံးသူ ဦးညွန့်ဝေတွင် ဇနီးနှင့် သားတစ်ဦး၊ သမီးနှစ်ဦး ရှိသည်ဟု ရပ်ကွက်အတွင်း နီးစပ်သူများက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မြစ်ကြီးနားမြို့နယ်အတွင်းက ဟိုကပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ၂ ဦး၊ နောင်နန်းကျေးရွာ အုပ်ချုပ်ရေးမှူး ၁ ဦး၊ ရွှေညောင်ပင်ရပ်ကွက်က အုပ်ချုပ်ရေးမှူး ၁ ဦး စုစုပေါင်း ၄ ဦး အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

အဆိုပါ အုပ်ချုပ်ရေးမှူးများကို မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းက သတ်သွားသည်ကို ယနေ့အချိန်ထိ အတိ အကျမသိရသေးသည့်အပြင် တရားခံများကိုလည်း ဖမ်းဆီးရမိသည့် သတင်းများ မကြားသိရသေးဘူးဟု မြစ် ကြီးနားမြို့ခံများက ဆိုသည်။

သို့သော် ယခု စစ်တပ်က အာဏာသိမ်းပြီးနောက် အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံး သွာသည့် မြစ်ကြီးနားမြို့အတွင်းရှိ ကျေးရွာရပ်ကွက်များက အုပ်ချုပ်ရေးမှူးများမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေး မှူးများ ဖြစ်သည့်အပြင် ဒေသအတွင်း စစ်ကောင်စီသတင်းပေး ဒလန်ဟု နာမည်ထွက်နေသူများသာ ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...