အမျိုးသား ရုပ်အလောင်းတစ်လောင်းကို လက်ထိပ်ခတ်လျက် တွေ့ရှိ

အမျိုးသား ရုပ်အလောင်းတစ်လောင်းကို လက်ထိပ်ခတ်လျက် တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းမြို့နယ်ရှိ ဖောင်းကတာကျေးရွာတွင် လက်ထိပ်ခတ်လျှက် အသတ်ခံထားရသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ၂၇ ရက်နေ့ က စစ်ကောင်စီတပ်များ သတ်ထားသည်ဟု ဆိုသော လက်ထိပ်ခပ်လျှက်သား အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့သည်ဟု သိရသည်။

အသက် ၄၀ အရွယ် ဖောင်းကတာ ရွာသားတစ်ဦးက “အလောင်းက လက်ထိပ်ခပ်လျှက်သား ဓါးဒဏ်ရာတွေ လည်း တော်တော်များတယ်“ ဟု ပြောသည်။

အသတ်ခံရသူသည် ဖောင်းကတာကျေးရွာက ကိုစိုင်းမြတ်စိုး အသက် ၃၀ နှစ် ဖြစ်ပြီး ဇနီးသည်နှင့်အတူ သား တစ်ဦး၊ သမီးတစ်ဦး ကျန်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇွန်လ ၂၅ ရက်နေ့က တုံကျေးရွာတွင်လည်း ပေါက်စ၊ ဇွဲနေစ ဆိုသည့် အသက် ၂၀ ခန့် အရွယ် လူငယ်နှစ်ဦးကို သတ်ထားခဲ့ပြီး နေအိမ် ၇ လုံးကိုလည်း မီးတင်ရှို့သွားခဲ့ကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ လူငယ်နှစ်ဦး၏ ရုပ်အလောင်းများကို တုံကျေးရွာရှိ ခြုံတစ်ခုထဲမှ ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ် ဖွဲ့ဝင်များက သတ်ထားသည်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ က အတည်ပြု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ဝမ်ပေါင်ဝန်းထဲမှ ထွက်လာခြင်းဖြစ်ပြီး တုံရွာ၊ ဖောင်းကတာ၊ ဇီးတော၊ ဆည်တည်း၊ ဝက်မှေး၊ ကံတောကျေးရွာများသို့ ဝင်ရောက်လာသဖြင့် ရွာသားများ က ဘေးလွတ်သည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ဇွန်လ ၂၁ ရက်နေ့တုန်းကလည်း ဝမ်ပေါင်ကုမ္ပဏီထဲမှ ထွက်လာသည့် စစ်ကောင်စီတပ်များသည် မိုးကြိုးပြင် မြောက်ကျေးရွာရှိ ရွာသားနှစ်ဦးအား သတ်ဖြတ်သွားပြီး နေအိမ်အလုံးရေ ၂၀၀ ခန့်ကို မီးရှို့သွားခဲ့သေးသည်။

July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...
July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...