ဒုတိယ အကြိမ် လုပ်ကြံမှု၌ အုပ်ကြီး သေဆုံး

ဒုတိယ အကြိမ် လုပ်ကြံမှု၌ အုပ်ကြီး သေဆုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးတစ်ဦး ၁၀ ရက်အတွင်း နှစ်ကြိမ်လုပ်ကြံ ခံရပြီးနောက် ဒုတိယအကြိမ်တွင် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခိုင်မင်း အသက် ၅၀ နှစ်သည် ၁၀ ရက်အတွင်း နှစ် ကြိမ်တိုင်တိုင် လုပ်ကြံခံရပြီးနောက် ယခုအကြိမ်တွင် သေဆုံးသွားသည်ဟု သိရသည်။

”ပထမရက် ဗုံးခွဲအပြီး မြို့မှာသွားနေတာ မနေ့ကရွာကို ခဏပြန်လာတုန်း အတီးခံလိုက်ရတာ။ သူက စကစ ဘက်က သစ္စာခံ၊ ရွာအပေါ်ဆိုးတော့ အကာအကွယ် မရဘူးပေါ့” ဟု ဒေသခံတစ်ဦး က ပြောသည်။

ဇွန်လ ၂၆ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့် က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မင်းတုန်း MPRF က ထုတ် ပြန်ထားသည်။

လွန်ခဲ့သည့် ၁၀ ရက် ဇွန်လ ၁၅ ရက်နေ့ က ပထမအကြိမ် သုတ်သင်ရန်သွားကြစဉ် အုပ်ချုပ်ရေးမှူးကို နေအိမ်ကို ဗုံးဖြင့်ပစ်ခဲ့ပြီး ယခုဒုတိယကြိမ်မှ အောင်မြင်ခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

အုပ်ချုပ်ရေးမှူး ဦးခိုင်မင်း ရှေ့တွင် တာဝန်ယူခဲ့သည့် အုပ်ချုပ်ရေးမှူးသည်လည်း အခြားမြို့သို့ ပြောင်းရွှေ့သွား သည်ဟု ဆိုသည်။

“သူလုံခြုံရေးအတွက် ရဲစခန်းမှာ ခေါ်ထားကြတာ အခု အိမ်ခဏအပြန်မှာ အပစ်ခံရ သတိပေးနေတာတော့ ကြာပြီ“ ဟု အသက် ၄၀ အရွယ် ဒေသခံတစ်ဦး က ပြောသည်။

ထို့အပြင် ပြောင်းကျေးရွာက အုပ်ချုပ်ရေးမှူးကဲ့သို့ ဒလန်မလုပ်ကြရန်နှင့် စစ်ကောင်စီသတင်းပေး ဒလန် လုပ်ပါက ပစ်ခတ်ခံရမည်ဟု မြို့လူထုကို people Revolution Force Mindone (MPRF) သတိပေးချက် ထုတ်ပြန် ထားသည်။

မင်းတုန်းမြို့နယ်အတွင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦး ရှင်းလင်းခံရခြင်းမှာ ယခုအကြိမ်သည် ပထမ ဦးဆုံး အကြိမ် ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...