မြစ်ကြီးနားမြို့၊လယ်ကုန်းရပ်ကွက်တွင် အသက် (၅၀) အရွယ်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

မြစ်ကြီးနားမြို့၊လယ်ကုန်းရပ်ကွက်တွင် အသက် (၅၀) အရွယ်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်မှာ ဒီကနေ့မနက် (၈)နာရီခွဲဝန်းကျင်လောက်မှာ ဆိုင်ကယ်မောင်းနှင်နေတဲ့ ဦးညွှန့်ဝေ ဆိုသူ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ဦးညွှန့်ဝေဟာ ဇီးလွန်နယ်မြေ (၆)ရှိ အထကကျောင်းရှေ့အကျော် စက်သုံးဆီဆိုင်ရှေ့ ကားလမ်းပေါ်မှာ ရင်ဝကို ကျည်ထိ သေဆုံးနေတာ ဖြစ်ပါတယ်။

“သူအပြစ်နဲ့သူရှိမှာပဲလေ။ အဲ‌ဒါကြောင့်မို့ သူလည်းခံရတာပေါ့လေ။ ကျွန်တော်တို့လည်း အဲဒီလိုပဲမြင်ပေးရတာပေါ့။” လို့ လယ်ကုန်းရပ်ကွက် နယ်မြေမှူးတစ်ဦး က မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

အဲဒီသုံးဘီးမောင်းသူ အသက် ၅၂ နှစ်အရွယ် ဦးညွှန့်ဝေရဲ့ ရင်ဝကိုသေနတ်နဲ့ ဘယ်သူဘယ်ဝါက ပစ်သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း နယ်မြေမှူးက ဆိုပါတယ်။

သေဆုံးသူရဲ့ မိသားစုတွေဟာ လယ်ကုန်းရပ်ကွက် နယ်မြေ ၁၃(က) အပိုင်းမှာ နေထိုင်ကြပြီးတော့ အမျိုးသမီးဟာ ဈေးသည်ဖြစ်ပြီး ကလေး (၃)ယောက်က ကျောင်းတက်နေကြတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ သေဆုံးသူရဲ့ရုပ် အလောင်းကို မြစ်ကြီးနား ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ လည်းသိရပါတယ်။

Most read this week

December 17, 2025
စစ်ကော်မရှင်ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မြစ်ကြီးနားမြို့ကို ရောက်တဲ့အချိန်...
December 16, 2025
စစ်ကော်မရှင်က ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားတဲ့ အလွတ်တန်းသတင်းထောက် ကချင်တိုင်းရင်းသူ...
December 15, 2025
တနိုင်းမြို့နယ်က ပယင်းမှော်ဒေသဘက်မှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့...
December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...