မြစ်ကြီးနားမြို့၊လယ်ကုန်းရပ်ကွက်တွင် အသက် (၅၀) အရွယ်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

မြစ်ကြီးနားမြို့၊လယ်ကုန်းရပ်ကွက်တွင် အသက် (၅၀) အရွယ်အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်မှာ ဒီကနေ့မနက် (၈)နာရီခွဲဝန်းကျင်လောက်မှာ ဆိုင်ကယ်မောင်းနှင်နေတဲ့ ဦးညွှန့်ဝေ ဆိုသူ အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ဦးညွှန့်ဝေဟာ ဇီးလွန်နယ်မြေ (၆)ရှိ အထကကျောင်းရှေ့အကျော် စက်သုံးဆီဆိုင်ရှေ့ ကားလမ်းပေါ်မှာ ရင်ဝကို ကျည်ထိ သေဆုံးနေတာ ဖြစ်ပါတယ်။

“သူအပြစ်နဲ့သူရှိမှာပဲလေ။ အဲ‌ဒါကြောင့်မို့ သူလည်းခံရတာပေါ့လေ။ ကျွန်တော်တို့လည်း အဲဒီလိုပဲမြင်ပေးရတာပေါ့။” လို့ လယ်ကုန်းရပ်ကွက် နယ်မြေမှူးတစ်ဦး က မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

အဲဒီသုံးဘီးမောင်းသူ အသက် ၅၂ နှစ်အရွယ် ဦးညွှန့်ဝေရဲ့ ရင်ဝကိုသေနတ်နဲ့ ဘယ်သူဘယ်ဝါက ပစ်သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း နယ်မြေမှူးက ဆိုပါတယ်။

သေဆုံးသူရဲ့ မိသားစုတွေဟာ လယ်ကုန်းရပ်ကွက် နယ်မြေ ၁၃(က) အပိုင်းမှာ နေထိုင်ကြပြီးတော့ အမျိုးသမီးဟာ ဈေးသည်ဖြစ်ပြီး ကလေး (၃)ယောက်က ကျောင်းတက်နေကြတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ သေဆုံးသူရဲ့ရုပ် အလောင်းကို မြစ်ကြီးနား ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ လည်းသိရပါတယ်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...