KIA တပ်ရင်း ၁၂ ကို သိမ်းပိုက်တယ် ဆိုတဲ့ သတင်းမှား ဖြန့်

KIA တပ်ရင်း ၁၂ ကို သိမ်းပိုက်တယ် ဆိုတဲ့ သတင်းမှား ဖြန့်

စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးအဖွဲ့ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ ကို သိမ်းပိုက် လိုက် တယ်ဆိုတဲ့ သတင်းတစ်ခုကို ဝေါ သား လေး ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဇွန်လ ၂၀ ရက်နေ့က ရေးတင် ထားပါတယ်။

ဝေါ သား လေး ဆိုသူက “စစ်တိုက်တာနိုင်ဘို့ဘဲလိုတယ်။ ပန်းနဲ့ပေါက်နေတာမှမဟုတ်တာ၊ KIA တပ်မဟာ ၃ လက် အောက်ခံ တပ်ရင်း ၁၂ အား မြန့်မာ တပ်မတော်မှ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ပါကြောင်း နောက်ဆုံး ရဲ ဘော်တွေကိုလည်း လက်တင် အလေးပြုပါသည်” လို့ (မူရင်းအရေးအသားအတိုင်း) ရေးသားထားတာကို တွေ့ရ ပါတယ်။

KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ ကို စစ်တပ်က သိမ်းယူခဲ့တယ်ဆိုတဲ့ အခုသတင်းကိုပဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီ လ ၁၈ ရက်နေ့ကလည်း စစ်သားဘဝ အမှတ်တရများ ဆိုတဲ့ Facebook စာမျက်နှာ တစ်ခုက ရေး တင်ထားတာကိုလည်း တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုတွေဟာ ဖြစ်စဉ် အဟောင်းတစ်ခုကို အခုလက်ရှိ ဖြစ်နေသယောင် ရေးသားထားတဲ့ သတင်း အမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ ကို စစ်တပ်က သိမ်းယူနိုင်ခဲ့တာ မှန်ပေမယ့် အဲဒီဖြစ်စဉ်ဟာ အခုလက်ရှိဖြစ်နေတာ မဟုတ်ပဲ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန္နဝါရီလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ် စဉ်ကို အခုဖြစ်နေသယောင် ပြန်လည်ရေးတင်ထားလို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် သူအသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာလည်း အခု ဓာတ်ပုံတွေ မဟုတ်ပဲ အရင်ကတည်းက လူမှုကွန်ရက် စာ မျက်နှာတွေပေါ်မှာ ပြန့်နှံ့နေတဲ့ ဓာတ်ပုံတွေကို အသုံးပြုထားတာကိုတွေ့ရပါတယ်။

၂၀၁၇ ခုနှစ်က KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ ကို စစ်တပ်က သိမ်းလိုက်တယ်ဆိုတဲ့ သတင်းကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သလို RFA သတင်းဌာနကလည်း အဲဒီတုန်းက KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်ကို မေးမြန်းပြီး သတင်းရေးသားထားတာကို ဒီမှာ https://bit.ly/3bd4Qs1 တွေ့နိုင်ပါတယ်။

KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ ကို စစ်တပ်က သိမ်းလိုက်တယ်ဆိုတဲ့ သတင်းအဟောင်းကို တပ်မ တော် ထောက်ခံသူတွေရဲ့ Facebook Group တွေမှာပဲဖြစ်ဖြစ် တစ်ဦးချင်းစီမှာပဲဖြစ်ဖြစ် တော်တော်များများ ဖြန့် ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို စိစစ်လိုက်တဲ့အခါမှာ ဝေါ သား လေး ရဲ့ ရေးသားမှုဟာ ဖြစ်စဉ်အဟောင်း တစ်ခုကို အခြေခံပြီး ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ရေးသားထားတဲ့ သတင်းအမှားအဖြစ်တယ်ဆိုတာကို တွေ့ရ ပါ တယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...