KIO အုပ်ချုပ်နယ်မြေအချို့တွင် ငှက်ဖျားရောဂါကူးစက်မှု အဖြစ်များနေ

KIO အုပ်ချုပ်နယ်မြေအချို့တွင် ငှက်ဖျားရောဂါကူးစက်မှု အဖြစ်များနေ

KIO အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဗန်းမော်မြို့တွင် ငှက်ဖျားရောဂါ ကူးစက်ဖျားနာသူ ယခုလ အတွင်း စုစုပေါင်း ၄၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ မိုးရာသီကာလ စစ်ရှောင်စခန်းများနှင့် ကျေးရွာအချို့တွင် ငှက်ဖျားရောဂါပိုး ကူးစက်ဖျားနာသူ များပြားလာခြင်းကြောင့် ငှက်ဖျားပိုး စစ်ဆေးမှုနှင့် ဆေးရည်စိမ်ခြင်ထောင်များ အသုံးပြုနိုင်ရန် လုပ်ဆောင်နေကြောင်း ဗန်းမော်မြို့ ကျန်းမာရေးဌာနမှ Dr. Lahtaw Zau Gam KNG ကို ပြောသည်။

“အရင်နှစ် မိုးရာသီက ငှက်ဖျားဖြစ်တဲ့သူ မရှိသလောက်ပဲ။ ဒီနှစ်လယ်လောက်မှ ဖျားတဲ့သူ ၄၀ ကျော် တွေ့ တယ်။ ကျနော်တို့ စစ်ရှောင်စခန်းအချို့တွေမှာ ငှက်ဖျားဖြစ်တဲ့သူ ၂-၃ ယောက်ကို တွေ့တယ်။ ဒါကြောင့် စစ်ရှောင်စခန်းက သူတွေ အားလုံးကို ငှက်ဖျားပိုး ရှိမရှိ စစ်ပေးတယ်။ ဆေးရည်စိမ်ခြင်ထောင်တွေကို အသုံးပြုဖို့ လုပ်နေပါတယ်” ဟု ဆိုသည်။

ဗန်းမော်မြို့နယ် လနာဇွပ်ဂျာ ၊ဘွမ်စစ် ၊မိုင်ဘတ် ကျေးရွာ ၊ကောင်းဂျာကျေးရွာ နှင့် အင်ဘာပါ နင်းထောန်ဟူးနာပါ ကျေးရွာ များရှိ ဒေသခံပြည်သူများတွင်လည်း ငှက်ဖျားရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ငှက်ဖျားရောဂါကြောင့် ဖျားနာသူများတွင် အသက် ၁ နှစ်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်နေကြောင်း သိရသည်။

လက်တလော ငှက်ဖျားရောဂါ ကူးစက်ဖျားနာသူများကို ဗန်းမော် KIO ကျန်းမာရေးဌာနမှ ဆေးကုသပေး နေပြီး စစ်ရှောင်စခန်းများ နှင့် ကျေးရွာများတွင် ကျန်းမာရေး ဆေးရည်စိမ်ခြင်ထောင်များ အသုံးပြုရန် လိုက်လံ ပေးဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“ငှက်ဖျားရှိမရှိ စစ်ပြီး ဖျားတဲ့သူတွေကို ကျနော်တို့ ကောင်းကောင်း ဂရုစိုက်ဆေးကုသပေးမှာဖြစ်တယ်။ မဖြစ်တဲ့ သူတွေကိုလည်း ငှက်ဖျား ကာကွယ်ရေးနဲ့ဆိုင်တဲ့ အသိပညာပေးတွေ လုပ်ဆောင်နေတယ်။ ဆေးခြင်ထောင်တွေကိုလည်း ပေးသွားဖို့ လုပ်နေပါတယ်” ဟု Dr. Lahtaw Zau Gam က KNG ကချင်သတင်းဌာနကို ဆိုသည်။

ဗန်းမော်မြို့တွင် မိုးရာသီကာလ နေ့စဉ်နှင့်အမျှ ငှက်ဖျားရောဂါကြောင့် ဖျားနာသူများပြားလာသောကြောင့် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရပ်ကွက်များနှင့် စစ်ရှောင်စခန်းများတွင် အသိပညာပေး ဟောပြောပွဲ များ

ပြုလုပ်လျှက်ရှိပြီး ခြင်ဆေးများကိုလည်း လူနေအိမ်များသို့ လိုက်လံဖြန်းပေးနေကြောင်း သိရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...