သံတောင်မြို့ထဲကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မယ်လို့ စစ်ကောင်စီတပ် ခြိမ်းခြောက်လာ

သံတောင်မြို့ထဲကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မယ်လို့ စစ်ကောင်စီတပ် ခြိမ်းခြောက်လာ

ကရင်ပြည်နယ်၊ သံတောင်မြို့မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့ ဝင်ရောက်ပစ်ခတ်တာတွေ ထပ်မံပြု လုပ်လာပါက မြို့ထဲကို လက်နက်ကြီးနဲ့ပစ်ခတ်သွားမယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်လာပါတယ်။

 

သံတောင်မြို့ထဲမှာ ဒေသခံကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို မကြာခဏ လာရောက်ချောင်းမြောင်းပစ်ခတ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုများ လာပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ သံတောင်မြို့ထဲက ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒေသခံရပ်မိရပ်ဖတွေကို ဇွန်လ ၂၂ ရက်နေ့က ခေါ်ယူတွေ့ဆုံပြီးနောက် အခုလို ခြိမ်းခြောက် လာခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့လုံခြုံရေးစစ်ဆေးဆောင်ရွက်နေစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေအနေနဲ့ ဝင်ရောက်ပစ်ခတ်တာတွေ ထပ်မံပြုလုပ်လာပါက သံတောင်မြို့အခြေအနေ ဟာ တခြားနေရာဒေသတွေလို အဆိုးဆုံးဖြစ်လာနိုင်ကြောင်းနဲ့ မြို့ထဲကိုလည်း လက်နက်ကြီးပစ် ချသွားမှာဖြစ်ကြောင်း စစ်ကောင်စီတပ်က အဲအစည်းအဝေးမှာ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF လူငယ်တွေထဲမှာ သားသမီးတွေပါရှိပါက ထိန်းသိမ်း တားဆီးဖို့နဲ့ နောင်ဖြစ်လာမယ့် အခြေအနေဆိုးကျိုးတွေကို ရှင်းပြပေးဖို့ စစ်ကောင်စီတပ်က ဘာသာရေးဆရာတော်တွေနဲ့ ရပ်မိရပ်ဖတွေကို သတိပေးခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သံတောင်မြို့ စာတိုက်ရုံးလမ်းဆုံမှာ စစ်ဆေးမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ PDF သံတောင်အဖွဲ့က စနိုက်ပါနဲ့သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့သလို ဇွန်လ ၇ ရက်နေ့ကလည်း သံတောင်မြို့က စစ်ကောင်စီတပ်စခန်းကို PDF သံတောင်အဖွဲ့က စနိုက်ပါနဲ့သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီအရာရှိ တစ်ဦး သေဆုံးထားပါတယ်။

သံတောင်မြို့ထဲမှာ စစ်ကောင်စီတပ်တွေရှိတဲ့နေရာတွေနဲ့ တတ်နိုင်သမျှ ဝေးဝေးရှောင် ရှားကြ ဖို့နဲ့ ထုတ်ပြန်ချက်တွေကို ပြည်သူတွေအနေနဲ့ တိတိကျကျလိုက်နာကျင့်သုံးပေးကြဖို့ PDF သံတောင်အဖွဲ့က တိုက်တွန်းထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...