ပထမဦးဆုံး မွန်အမျိုးသားကောလိပ် စတင်ဖွင့်လှစ်

ပထမဦးဆုံး မွန်အမျိုးသားကောလိပ် စတင်ဖွင့်လှစ်

မွန်အမျိုးသားပညာရေး‌ကော်မတီက ဦးဆောင်ဖွင့်လှစ်တဲ့ ပထမဦးဆုံး မွန်အမျိုးသားကောလိပ် သင်တန်းတွေကို ဇွန်လ (၂၂) ရက်နေ့မှာ စတင် ဖွင့်လှစ်လိုက်ပြီးလို့ မွန်ပညာရေးအသိုင်း အဝိုင်း ကနေ သိရပါတယ်။

မွန်အမျိုးသားကောလိပ်ကိုတော့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသဖြစ်တဲ့ ရေးမြို့နယ်က ရေးချောင်းဖျားရှိ မွန်အမျိုးသားပညာရေးဗဟိုဌာန ညီစားစခန်းမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

မွန်အမျိုးသားကောလိပ်ရဲ့ ပထမနှစ် သင်တန်းကိုတော့ ကျောင်းသား၊‌ကျောင်းသူ ၂၆၀ တက်ရောက် သင်ကြားသွားမှာ ဖြစ်ပါတယ်။ မွန်အမျိုးသားကောလိပ်မှာတော့ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ သုံးနှစ်တာ ပညာသင်ကြားရမှာဖြစ်ပြီး လုပ်ငန်းအတွေ့ကြုံရဖို့ ၂ နှစ် ပြန်လည် တာဝန်ထမ်းဆောင်ပေးရမှာပါ။

မွန်အမျိုးသားကောလိပ်မှာ GED လို့ ခေါ်တဲ့ အထွေထွေပညာရေးဖွံ့ဖြိုးတိုးတက်ရေး၊ မွန်ယဉ်ကျေးမှု၊ အင်္ဂလိပ်စာ၊ကွန်ပျူတာ၊ မွန်သမိုင်း၊ ကမ္ဘာ့လူမှုရေးဘာသာရပ် (GEDSI)၊ လူ့အခွင့်အရေး၊ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်မှုနဲ့ စီမံခန့်ခွဲမှု၊ ဆရာအတတ်သင်၊မီဒီယာနဲ့ မွန်ဘာသာရပ်တို့ကို သင်ကြားဖို့ စီစဉ်ထားပါတယ်။

မွန်အမျိုးသားကောလိပ်ဟာ မွန်လူမျိုးအတွင်း အင်္ဂလိပ်စာမြှင့်တင်ရေး၊နိုင်ငံတကာတွေမှာ ပညာသင်ယူနိုင်ရေး၊ မွန်စာပေပညာရှင်တွေ ပေါ်ထွန်းရေးနဲ့ စာသင်ကြားမယ့် ကျောင်းဆရာ၊ဆရာမတွေ၊ လူ့စွမ်းအားအရင်းမြစ်ကောင်းတွေ မွေးထုတ်ပေးနိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ခဲ့တာပါ။

မွန်အမျိုးသားပညာရေးကော်မတီ (MNEC)မှာတော့ မွန်အမျိုးသားကောလိပ်အပြင် မွန်အမျိုး သားစာသင်ကျောင်းပေါင်း ၁၄၀ ကျော်ရှိနေတာ ဖြစ်ပြီး ကျောင်းသား ၊ကျောင်းသူပေါင်း ၂၀၀၀၀ နီးပါး တက်ရောက်သင်ကြားနေပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...