နောင်မွန်မြို့က NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

နောင်မွန်မြို့က NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ လွှတ်တော်အမတ်တစ်ဦးရဲ့နေအိမ်ကို ဇွန်လ ၂၂ ရက်နေ့ က  ချိပ်ပိတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမလောင်အောင်ရမ်ရဲ့ နောင်မွန်မြို့၊ ရပ်ကွက်(၁)မှာရှိတဲ့ နေအိမ်ခြံဝင်းကို မနေ့က ဇွန်(၂၂)ရက်နေ့မှာ စစ်ကောင်စီက လာရောက်ချိပ်ပိတ်ခဲ့တာဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“နောင်မွန်ကအိမ်ကို မနေ့က ချိပ်ပိတ်သွားတာ။ လူတော့မရှိဘူး။ မီးဖိုချောင်လောက်ပဲဆောက်ထားတာ။ ပျဉ်တွေစုထားတာရှိတယ်။ အိမ်မဆောက်သေးတာပဲ အဲဒါကို ရဲရယ် ဌာနဆိုင်ရာတွေလာပြီးမှ စာတွေလာကပ်သွားတယ်လို့ပြောတယ်။”

ဘေးကင်းရာမှာ တိမ်းရှောင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးမလောင်အောင်ရမ်ရဲ့ နေအိမ်ခြံဝင်းမှာ လတ်တလော နေထိုင်သူတွေမရှိပေမယ့် အိမ်ဆောက်ဖို့အတွက် ပစ္စည်းစုထားတာတွေတော့ ရှိတယ်လို့ ဆိုပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမလောင်အောင်ရမ်ဟာ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ နောင်မွန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီ ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် နေအိမ်ကနေရှောင်တိမ်းနေတာ တစ်နှစ်ကျော်ရှိနေပြီဖြစ်တဲ့ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးခန်လင်ရဲ့ ပူတာအိုမြို့၊ လုံစွတ်ရပ်ကွက်က နေအိမ်ဟာလည်း မေလ ၂၅ ရက်နေ့ က ချိပ်ပိတ်ခံခဲ့ရပါတယ်။

အလားတူ မေလအတွင်းမှာပဲ ဗန်းမော်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းတို့ရဲ့ နေအိမ်တွေကို စစ်ကောင်စီက ချိပ်ပိတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...