အောင်စာရင်း ဝေဖန်သူ သမီးကို မတွေ့သဖြင့် အဖေကိုဖမ်း

အောင်စာရင်း ဝေဖန်သူ သမီးကို မတွေ့သဖြင့် အဖေကိုဖမ်း

ဆယ်တန်း အောင်စာရင်းနှင့် ပတ်သက်၍ ဆိုရှယ်မီဒီယာတွင် ဝေဖန်နေသည့် သမီးဖြစ်သူကို မတွေ့သောကြောင့် ဖခင်ဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ဇလွန်မြို့တွင် စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အောင်စာရင်းအား ဆိုရှယ်မီဒီယာ တွင် ဝေဖန်သည့် သမီးဖြစ်သူကို လာဖမ်းစဉ် မတွေ့၍ သူမ၏ ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထား သည် ဟု သိရသည်။

“၁၀ တန်းစာမေးပွဲ အောင်ကြတဲ့သူတွေကို ဖေ့ဘုတ်မှာ မကောင်းရေးလို့ ဆိုပြီး ကောင်မလေးကို လာဖမ်းတာ။ မတွေ့လို့ သူ့အဖေကို ဖမ်းသွားတယ်” ဟု ဇလွန်မြို့ခံတစ်ဦး ကပြောသည်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်းအား ဝေဖန်သည့် ဇလွန်မြို့ မီးစက်လမ်းတွင် နေထိုင်သူ မသင်းသီရိစိုးအား ဇွန် လ ၁၈ ရက်နေ့ ညပိုင်းက နေအိမ်တွင် ဝင်ရောက် ရှာဖွေရာ မတွေ့သဖြင့် ဖခင်ဖြစ်သူ ဦးမြင့်သန်းကို စစ်တပ် က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မသင်းသီရိစိုး၏ ဖခင်ဖြစ်သူ ဦးမြင့်သန်းမှာ အသက် ၅၀ ကျော် အရွယ်ဖြစ်ပြီး ယနေ့အချိန်ထိ အဆက်အသွယ် မရရှိသေးဘူးဟု ၎င်း၏ မိ သားစုနှင့် နီးစပ်သူ အချို့၏ ပြောပြချက်များအရ သိရသည်။

မသင်းသီရိစိုး က သူမ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် စစ်ကောင်စီ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ် များအပေါ် ဝေဖန်ရေးသားခဲ့ပြီး နောက်တစ်ရက်တွင် အိမ်ကို စစ်ကောင်စီတပ်ဖွဲ့က လာဖမ်းဆီးရာ သူမက တိမ်း ရှောင်သွားခြင်း ဖြစ်သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူ အချို့က ပြောသည်။

တရားရုံး၏ ဖမ်းဝရမ်း မပါဘဲ၊ ထို့အပြင် ကျူးလွန်သူ မဟုတ်ပါဘဲ ယခုကဲ့သို အမှုနှင့်မသက်ဆိုင်သည့် သူတစ်ဦး ကို ဖမ်းဆီးခြင်းမှာ ဥပဒေအရ အကျုံးမဝင်သလို ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု  ထောက်ပြ ပြောဆိုမှု များလည်း ရှိနေသည်။

တရားလွှတ်တော် ရှေ့ နေ ဦးကျော်လေး က “ဒီလိုလုပ်တာက ဗြောင် ပြန်ပေးဆွဲတဲ့ ဓါးစာခံဖမ်းတဲ့ အကြမ်းဖက် တွေရဲ့ လုပ်ရပ်မျိုး” ဟု ပြောသည်။

မသင်းသီရိစိုးက သူမ၏ Facebook တွင် ဆယ်တန်း အောင်စာရင်း နှင့် ပတ်သက်သည့် ဝေဖန်စာကို ဇွန်လ ၁၇ ရက်နေ့ ရေးသားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရေးသားပြီး နောက်ရက် (ဇွန်လ ၁၈ ရက်နေ့) တွင် ဟန်ငြိမ်းဦး တယ်လီဂရမ် ချန်နယ်က သူမကို ဖမ်းပေး ရန် လိပ်စာ အတိအကျဖြင့် ဖော်ပြခံခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...
July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...