ဂန့်ဂေါမှာ ရွာလေးရွာက ပြည်သူတွေရွာလုံးကျွတ်ထွက်ပြေးနေရ

ဂန့်ဂေါမှာ ရွာလေးရွာက ပြည်သူတွေရွာလုံးကျွတ်ထွက်ပြေးနေရ

မကွေးတိုင်းဂန့်ဂေါမြို့နယ်မှဦ တိုက်ပွဲတွေပြင်းထန်နေလို့ ကျေးရွာလေးရွာက ပြည်သူတွေ ထွက်ပြေးနေရပြီး စစ်ကောင်စီတပ်သားတွေဟာ ဆိုင်ကယ်တွေဖျက်စီးနေသလို ဘုရားဌာပနာ တွေကို ခိုးယူနေကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါ(တောင်ပိုင်း) ကထုတ်ပြန် ထားပါတယ်။

ဂန့်ဂေါမြို့က ပနန်း၊စပယ်၊စင်ပုံ၊ယင်းမာရွာတွေက ရဟန်းသံဃာတွေအပါအဝင် ရွာသူရွာသား တစ်ယောက်မကျန်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

“ခုညမှာ တိုက်ပွဲဖြစ်နေတာပေါ့နော်။ရွာလေးတစ်ရွာနားမှာ သေနတ်ဖောက်သံပြုသံကြားတော့ရွာ မှာရှိတဲ့သက်ကြီးရွယ်အိုတွေကိုလာကြိုကြတယ်။လာခေါ်ကြတယ်။တစ်ယောက်မကျန်ပေါ့လေ။အရှေ့မှာလည်းနမူနာရှိခဲ့ကြတော့ကြောက်လန့်အားကြီးပြီးတော့လူကြီးသူမတွေမကျန်မပြေးနိုင်မလွှားနိုင်သူတွေပါမကျန်လှည်းနဲ့တင်ခေါ်ပြေးနေကြရတော့ရှုပ်ယှက်ခတ်နေတာပေါ့။ညကြီး‌ဆိုတော့ပိုဆိုးပေါ့”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၁၉) ရက်နေ့က အင်အား(၃၀၀) ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာမြစ်သာ ဆည် တောင်ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဇွန်လ(၂၁) ရက်နေ့က အဲ့ဒီကျေးရွာလေး ရွာကပစ္စည်းခိုးယူတာ၊ဆိုင်ယယ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဘုရားဌာပနာတွေခိုးယူပြီး ဒေသခံ တွေကို အသက်အန္တရာယ်ခြိမ်းခြောက်တာတွေပြုလုပ်ထားပါတယ်။

“ပြည်သူတွေလှူဒါန်းထားကြတဲ့ စေတီထဲကိုထည့်မယ့်ဌာပနာပစ္စည်းရွှေငွေ တန်ဖိုးကြီး ပစ္စည်း တွေယူတယ်။ ဘုရားဌာပနာထဲက အထုတ်တွေပစ္စည်းတွေယူတယ်။ ဘုရားငွေတွေလည်း ယူသွားကြပါတယ်။ ဦးဇင်းလေးတွေရဲ့ ငွေတွေ လက်ကိုင်ဖုန်းတွေ လဲလုယူကြတယ် ဘုန်းကြီးကျောင်းမှာ စစ်ဘေးလာရှောင်ကြတဲ့ ဒေသခံပြည်သူတွေရဲ့ ရွှေငွေနဲ့ ဆိုင်ကယ်အစီး (၂၀) ကျော်ကို လုသွားကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန်လ(၂၂) ရက်နေ့မှာ ပနန်း၊စပယ်၊စင်ပုံ၊ယင်းမာရွာသားတွေဟာရွာလုံးကျွတ် ထွက်ပြေး နေရတာဖြစ်ပြီး ဒီတကြိမ်နဲ့ဆိုရင် ပြည်သူတွေအိုးအိမ်စွန့်ခွါထွက်ပြေးရတာ (၂) ကြိမ်တိုင် ရှိနေ ပြီဖြစ်ပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ မေလထဲက မြစ်သာဆည်အနီးတဝိုက်က ရွာတွေကို လေကြောင်း တိုက်ခိုက် မှုတွေလုပ်ဆောင်ပြီး မြေပြင်မှာ တပ်ဆွဲနေထိုင်ထဲက ဒေသခံပြည်သူ (၂) ထောင်ကျော်ဟာအိုးအိမ်စွန့်ခွါထွက်ပြေးနေရတာပါ။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...