နိုင်ငံတဝန်းမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး ပိတ်ဆို့ရှာဖွေ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာ

နိုင်ငံတဝန်းမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ပြီး ပိတ်ဆို့ရှာဖွေ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာ

အာဏာသိမ်း စစ်ကောင်စီဟာ ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ်အများစုမှာ အခုရက်ပိုင်းအတွင်း လုံခြုံရေးတင်းကြပ်ပြီး ပိတ်ဆို့ရှာဖွေ ဖမ်းဆီးစစ်ဆေးတာတွေ ဆက်တိုက် လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ သပိတ်ဦးဆောင်သူတွေ၊ အာဏာဖီဆန်ရေး CDM ဝန်ထမ်းတွေ၊ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူမှုကွန်ရက် ဖော့ဘုတ်စ် စာမျက်နှာမှာ ဝေဖန်ရေးသားသူတွေ၊ PDF တွေထံ ငွေကြေး ထောက်ပံ့သူတွေကို လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ လုပ်ဆောင်လာတာပါ။

အဲလို ဖမ်းဆီးရာမှာ စစ်ကောင်စီဟာ အင်အားအများအပြား အသုံးအပြု လာသလို နေ့ရောညပိုင်းပါ ပိုက်စိပ်တိုက် ဖမ်းဆီးတာတွေ ပိုလုပ်လာပါတယ်။

စစ်ကောင်စီက ပိတ်ဆို့ရှာဖွေ ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာကြောင့် လမ်းသွားလမ်းလာရာကအစ အခက်အခဲ ရှိလာသလို မလုံခြုံတွေ ပိုမို ခံစားနေရတယ်လို့ ရန်ကုန်မြို့ခံ တစ်ဦးက ပြောပါတယ်။

“ တခုခုဆို စစ်တပ်က ပြည်သူတွေကို ဦးတည်နေတဲ့အခါကျတော့ အလုပ်လုပ်စားရတာ အဆင်မပြေဘူး။ ဖုန်းတွေစစ်တာ ၊ သန်းခေါင်စာရင်းနဲ့တိုက်ပြီး ဖမ်းတာတွေ လုပ်တယ်။ ပြည်သူတွေအနေနဲ့ စားကောင်းချင်းမစားရ ၊ အိပ်ကောင်းချင်း မအိပ်ရ ဖြစ်နေပါတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ မြို့နယ်အသီးသီးမှာလည်း ခရီးသွားပြည်သူတွေကို ရှာဖွေ စစ်ဆေးတာ၊ ဆိုင်ကယ်တွေကိုလည်း ဘောက်ဖွင့်ခိုင်းတာနဲ့ မသင်္ကာတဲ့သူတွေဆိုရင် ဖုန်းတွေကိုပါ ယူစစ်တာတွေ လုပ်ဆောင်လာပါတယ်။

ဒါ့အပြင် နေအိမ်အတွင်း ဝင်ရောက် ရှာဖွေရာမှာလည်း ထွက်ပြေးတိမ်းရှောင်သူတွေကို ပစ်ခတ် ဖမ်းဆီးတာတွေ လုပ်ဆောင်လာသလို လမ်းသွားလမ်းလာပြည်သူတွေကို အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်မှုတွေကိုပါ ကျူးလွန်နေပါတယ်။

တနင်္သာရီတိုင်းထဲမှာတော့ စစ်ကောင်စီဟာ အာဏာဖီဆန်ရေး CDM ဝန်ထမ်းတွေကို အဓိက ပစ်မှတ်ထား ဖမ်းဆီးလာတယ်လို့ လောင်းလုံးဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

"ခုရက်ပိုင်းမှာ လောင်းလုံးမြို့နယ်ထဲကို စကစတွေ တော်တော်မွှေနေတယ်။ ဖမ်းဆီးခံရသူတွေလဲ မနည်းဘူးရှိနေတယ်။ ဖမ်းခံရသူတွေထဲမှာ CDM တွေပါသလို ဘာမှ မဆိုင်တဲ့သူတွေလဲပါတယ်။ ခုချိန်မှာတော့ တော်တော်များများက ရှောင်နေရတယ်။ သူတို့က တစ်ရွာပြီးတစ်ရွာ လိုက်မွှေနေတယ်။ ''လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ မြို့အဝင်အထွက်တွေမှာ လုံခြုံရေး တိုးမြှင့်ထားသလို မြို့ပေါ်ရပ်ကွက်တွေမှာလည်း အရပ်ဝတ်နဲ့ ကင်းလှည့်စောင့်ကြည့်တာတွေ ပိုမို လုပ်ဆောင်လာပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP အဆိုအရ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော် ကာလအတွင်း တက်ကြွလှုပ်ရှားသူတွေ အပါအဝင် အရပ်သားပြည်သူ ၁၄၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...