ခြေလက်အင်္ဂါဆုံးရှုံးထားတဲ့ ဒီမော့ဆို PDF ရဲဘော်တွေအတွက် ခြေတုလက်တု အကူအညီတွေ လိုအပ်နေ

ခြေလက်အင်္ဂါဆုံးရှုံးထားတဲ့ ဒီမော့ဆို PDF ရဲဘော်တွေအတွက် ခြေတုလက်တု အကူအညီတွေ လိုအပ်နေ

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ စစ်အာဏာရှင် တော်လှန်ရေး တိုက်ပွဲအတွင်း ခြေလက်အင်္ဂါဆုံးရှုံးထားတဲ့ PDF ရဲဘော်တွေအတွက် ခြေတုလက်တု အကူအညီတွေ လိုအပ်နေတယ်လို့ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာတော့ စစ်ကောင်စီနဲ့ နှစ်ဖက်တိုက်ပွဲအတွင်း PDF ရဲဘော် ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး အဲဒီထဲမှာ PDF ရဲဘော် ၁၀ ဦး ခြေလက်အင်္ဂါဆုံးရှုံးထားတာပါ။

လက်ရှိမှာတော့ ခြေလက်အင်္ဂါဆုံးရှုံးထားတဲ့ PDF ရဲဘော်တွေကို လုံခြုံတဲ့နေရာမှာ ပြောင်းရွှေ့ထားပြီး ခြေတုလက်တုအတွက် အလှူရှင်တွေကို စောင့်ဆိုင်းနေရတယ်လို့ ဒီမော့ဆို PDF သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ အခုလက်ရှိ ခြေတု လက်တု တပ်ရမယ့်သူတွေကို လုံခြုံတဲ့နေရာကို ပို့ထားတယ်။ သူတို့ကတော့ စိတ်ဓာတ်ပြင်းထန်နေတုန်းပဲ ။ အခုထိတော့ ဘယ်သူမှ ခြေတုလက်တု မတပ်ရသေးတဲ့ အခြေအနေပါ”လို့ ဆိုပါတယ်။

ခြေလက်အင်္ဂါဆုံးရှုံးရတဲ့ PDF ရဲဘော်တွေဟာ စစ်ကောင်စီက စခန်းချနေထိုင်ခဲ့တဲ့ ကျေးရွာတွေအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ စစ်ကောင်စီဘက် ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေ နင်းမိပြီး ခြေလက်အင်္ဂါ ဆုံးရှုံးနေရတာပါ။

ကယားပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ PDF ရဲဘော် ၇၀ ကျော်ထိ ရှိလာတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ကယားပြည်နယ်ထဲက တော်လှန်ရေးရဲဘော်တွေဟာ ခြေတုလက်တုတွေနဲ့ စစ်ကောင်စီကို ဆက်လက်တော်လှန်ဖို့ ဆန္ဒပြင်းပြ နေကြပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...