NUG အစိုးရရဲ့ ပြည်ပအလုပ်သမားကတ် ထုတ်ပေးမယ့် အစီအစဉ် ဇွန်လကုန်မှာ စတင်မည်

NUG အစိုးရရဲ့ ပြည်ပအလုပ်သမားကတ် ထုတ်ပေးမယ့် အစီအစဉ် ဇွန်လကုန်မှာ စတင်မည်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပြည်ပအလုပ်အကိုင် အသိမှတ်ပြုကတ် (OERC) ထုတ်ပေးမယ့် အစီအစဉ်ကို ဇွန်လကုန်မှာ စတင်ဆောင်ရွက်တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အလုပ်သမားရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

NUG အစိုးရဟာ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်အလုပ်လုပ်ကိုင် နေထိုင်နိုင်ဖို့အတွက် စာရင်းကောက်ယူပြီး ပြည်ပအလုပ်အကိုင် အသိမှတ်ပြုကတ် (OERC) ထုတ်ပေးဖို့ ထိုင်းအစိုးအပါအဝင် ကုလသမဂ္ဂ UNHCR တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

OERC ကတ်ထုတ်ပေးဖို့အတွက် ပထမအဆင့်အနေနဲ့ မြန်မာလုပ်သားစာရင်းကို စစ်တမ်းကောက်ယူပြီး ကောက်ယူရရှိတဲ့ စစ်တမ်းထဲက အလုပ်သမားတွေကို မြန်မာနိုင်ငံဖွား ဒါမှမဟုတ် မြန်မာနိုင်ငံသား ဟုတ် မဟုတ်စစ်ဆေးပြီး အချက်အလက်ခိုင်လုံပါက ကတ်ထုတ်ပေးသွားဖို့ စီစဉ်ထားတာပါ။

လက်ရှိမှာတော့ OERC ကတ်ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းစတင်ဖို့ ၉၀ရာခိုင်နှုန်းလောက် အဆင်သင့်ဖြစ်နေပြီး ဇွန်လကုန်လောက်မှာ လုပ်ငန်းစဉ် စတင် အကောင်အထည် ဖော်သွားမယ်လို့ ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။

ဒါကြောင့် NUG အစိုးရရဲ့ OERC ကတ် လုပ်ငန်းစတင်မယ့်ရက်နဲ့ ကိုယ်စားလှယ်ဆီတွေနဲ့ ဆက်သွယ်လို့ ရမယ့်ပုံစံတွေကို ကြိုတင်ကြေညာမှာဖြစ်ပြီး ကတ်လျှောက်ထားလိုတဲ့ အလုပ်သမားတွေအနေနဲ့ လူကိုယ်တိုင် ဒါမှမဟုတ် အွန်လိုင်းကနေ ဆက်သွယ်ဖောင်ဖြည့်ပြီး လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

NUG အစိုးရကတော့ OERC ကတ်ဟာ စစ်ကောင်စီက ထုတ်ပေးတဲ့ ပြည်ပထွက်ခွာ အလုပ်သမားကတ်(OWIC) ကတ်နေရာမှာ အစားထိုးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...