NUG အစိုးရရဲ့ ပြည်ပအလုပ်သမားကတ် ထုတ်ပေးမယ့် အစီအစဉ် ဇွန်လကုန်မှာ စတင်မည်

NUG အစိုးရရဲ့ ပြည်ပအလုပ်သမားကတ် ထုတ်ပေးမယ့် အစီအစဉ် ဇွန်လကုန်မှာ စတင်မည်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပြည်ပအလုပ်အကိုင် အသိမှတ်ပြုကတ် (OERC) ထုတ်ပေးမယ့် အစီအစဉ်ကို ဇွန်လကုန်မှာ စတင်ဆောင်ရွက်တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အလုပ်သမားရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

NUG အစိုးရဟာ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်အလုပ်လုပ်ကိုင် နေထိုင်နိုင်ဖို့အတွက် စာရင်းကောက်ယူပြီး ပြည်ပအလုပ်အကိုင် အသိမှတ်ပြုကတ် (OERC) ထုတ်ပေးဖို့ ထိုင်းအစိုးအပါအဝင် ကုလသမဂ္ဂ UNHCR တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

OERC ကတ်ထုတ်ပေးဖို့အတွက် ပထမအဆင့်အနေနဲ့ မြန်မာလုပ်သားစာရင်းကို စစ်တမ်းကောက်ယူပြီး ကောက်ယူရရှိတဲ့ စစ်တမ်းထဲက အလုပ်သမားတွေကို မြန်မာနိုင်ငံဖွား ဒါမှမဟုတ် မြန်မာနိုင်ငံသား ဟုတ် မဟုတ်စစ်ဆေးပြီး အချက်အလက်ခိုင်လုံပါက ကတ်ထုတ်ပေးသွားဖို့ စီစဉ်ထားတာပါ။

လက်ရှိမှာတော့ OERC ကတ်ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းစတင်ဖို့ ၉၀ရာခိုင်နှုန်းလောက် အဆင်သင့်ဖြစ်နေပြီး ဇွန်လကုန်လောက်မှာ လုပ်ငန်းစဉ် စတင် အကောင်အထည် ဖော်သွားမယ်လို့ ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။

ဒါကြောင့် NUG အစိုးရရဲ့ OERC ကတ် လုပ်ငန်းစတင်မယ့်ရက်နဲ့ ကိုယ်စားလှယ်ဆီတွေနဲ့ ဆက်သွယ်လို့ ရမယ့်ပုံစံတွေကို ကြိုတင်ကြေညာမှာဖြစ်ပြီး ကတ်လျှောက်ထားလိုတဲ့ အလုပ်သမားတွေအနေနဲ့ လူကိုယ်တိုင် ဒါမှမဟုတ် အွန်လိုင်းကနေ ဆက်သွယ်ဖောင်ဖြည့်ပြီး လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

NUG အစိုးရကတော့ OERC ကတ်ဟာ စစ်ကောင်စီက ထုတ်ပေးတဲ့ ပြည်ပထွက်ခွာ အလုပ်သမားကတ်(OWIC) ကတ်နေရာမှာ အစားထိုးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...