ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကျင်းပနေသည့် လူစုလူဝေးဘက် စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦးကျည်စထိမှန်

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကျင်းပနေသည့် လူစုလူဝေးဘက် စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦးကျည်စထိမှန်
ဖားကန့် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ခဲ့သော ကားတစ်စီး
ဖားကန့် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ခဲ့သော ကားတစ်စီး

ဖားကန့်မြို့ လုံးခင်အုပ်စု မှော်ပုံ မဒဲ့ယာန်ကျေးရွာတွင် ဇွန်လ ၁၉ ရက်နေ့ က  ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၇) နှစ်ပြည့် မွေးနေ့ကျင်းပနေချိန် စစ်တပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ဦး ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။

ဇွန်လ၁၉ ရက်နေ နေ့လည် ၁၂ နာရီဝန်းကျင် လုံးခင်အုပ်စု ပြည်သူများ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကျင်းပနေချိန် ဖားကန့်အချုပ်ထောင်ဘက်မှ သပိတ်ကျင်းပနေသည့်ဘက်သို့ လက်နက်ကြီး ၂ချက် ပစ်ခတ်ခဲ့သည့်အတွက်ပြည်သူ ၃ဦး ကျည်စထိမှန်ခဲ့သည်ဟု သပိတ်ဦးဆောင်သူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“ကျနော်တို့ မွေးနေ့နဲ့ စစ်အာဏာဆန့်ကျင်တဲ့ သပိတ်လုပ်နေတဲ့နေရာ အချုပ်ထောင်က ဟိုဘက် ဒီဘက်ဟုတ်တယ် သပိတ်လုပ်နေတဲ့ချိန် ပစ်ထည့်လာတာ ခုထိတာက သပိတ်မှာပါတဲ့သူတော့ မဟုတ်ဘူး။ ဘေးနားမှာရှိတဲ့ အိမ်ထဲမှာနေတဲ့သူတွေ ၃ယောက်ထိသွားတယ် ‌အခြေနေကတော့ စိုးရိမ်စရာမလိုဘူး” ဟုပြောဆိုသည်။

လက်နက်ကြီးကျည်စထိမှန်သူ ၃ ဦးမှာ အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦးဖြစ်ကာ ပေါင်၊ လက်မောင်း၊ ခြေထောက်တို့တွင် ထိမှန်ခဲ့သည်ဟုသိရသည်။

ထို့ပြင် လက်နက်ကြီးကျည်စ ထိမှန်သည့်အတွက် အနီးပတ်ဝန်းကျင်နေအိမ်မှ ကားတစ်စီး မှန်ကွဲသွားသည့်အပြင် နေအိမ်အချို့သို့ ကျည်စထိမှန်မူများရှိခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သော်လည်း လုံးခင်းအုပ်စုပြည်သူများသည် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၇) နှစ်ပြည့်မွေးနေ့အား အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

“လက်နက်ကြီး ပစ်နေလဲ ကျနော်တို့တော့ သပိတ်အောင်မြင်အောင် လုပ်ခဲ့တယ်။ ပြောချင်တာကဘယ်လောက်ပဲခြောက်ခြောက် မကြောက်ဘူး ဆိုတာပါပဲတော်လှန်ရေး အင်အားစုတွေအနေနဲ့ လုပ်စရာရှိတာဆက်၍လုပ်ဆောင်သွားကြမယ်”ဟုလုံးခင်းသပိတ်ဦးဆောင်သူက ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ လုံးခင်းအုပ်စုပြည်သူများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ယနေ့ချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်သည့် သပိတ်စစ်ကြောင်းလုပ်ဆောင်နေဆဲဖြစ်သည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...