မွန်ပြည်နယ်မှာ နေ့ရောညပါ ဧည့်စာရင်း တင်းကြပ်စွာ စစ်ဆေးဖို့ စစ်ကောင်စီ ညွှန်ကြား

မွန်ပြည်နယ်မှာ နေ့ရောညပါ ဧည့်စာရင်း တင်းကြပ်စွာ စစ်ဆေးဖို့ စစ်ကောင်စီ ညွှန်ကြား

မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း နေ့ရောညပါ ဧည့်စာရင်း ဝင်ရောက် စစ်ဆေးတာတွေ လုပ်ဆောင်ဖို့ စစ်ကောင်စီက ညွှန်ကြားလာ တယ်လို့ သိရပါတယ်။

ရန်ကုန် အပါအဝင် မြေပြင်သပိတ် အားကောင်းတဲ့ ဒေသတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေ ဖမ်းဆီးခံရပြီးနောက် မွန်ပြည်နယ်မှာ လာရောက်တိမ်းရှောင်နေတယ်လို့ စစ်ကောင်စီ ဘက်က သတင်းရရှိထားတာ ဖြစ်ပါတယ်။

ဒါကြောင့် မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင် ဧည့်စာရင်းတင်းကြပ်စွာ စစ်ဆေးဖို့နဲ့ ဧည့်စာရင်း စစ်ဆေးရာမှာ လူဦးရေအိမ်ထောင်စုစာရင်းတွေ သေချာတိုက်ယူစစ်ဆေးဖို့ကို ညွှန်ကြားထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို ဧည့်စာရင်း ဝင်ရောက် စစ်ဆေးတာနဲ့ လမ်းသွားလမ်းလာယာဉ်တွေကို ပိတ်ဆို့စစ်ဆေးတဲ့အခါ မသင်္ကာတဲ့သူတွေက ပြန်လည်ခုခံရင် စစ်ကောင်စီဘက်က ပစ်မိန့်ပေးထားတယ်လို့ ဆိုပါတယ်။

ဒေသခံတွေ အဆိုအရ စစ်ကောင်စီဟာ ဇွန် ၁၅ ရက်နေ့ကစပြီး သက်ဆိုင်ရာမြို့နယ် အသီးသီးမှာ ဧည့်စာရင်း ဝင်ရောက် စစ်ဆေးတာတွေ လုပ်ဆောင်လာတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က ရန်ကုန်မြို့မှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ လူငယ်တချို့ဖမ်းဆီးခံရ ပြီးနောက်ပိုင်း စစ်ကောင်စီက ကျန်အဖွဲ့ဝင်တွေကိုပါ ဧည့်စာရင်းစစ် ခြေရာခံပြီး လိုက်လံ ဖမ်းဆီးနေ တာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအဝင်နယ်မြို့တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အားကောင်းနေပေမယ့် မွန်ပြည်နယ်မှာတော့ မြို့ပြသပိတ်စစ်ကြောင်း လုံးဝ ရပ်နား သွားတာပါ။

ပုံစာ - PSI ရုပ်သံဖမ်းစက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်တွေမှာ သိမ်းယူနေစဥ်

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...