လက်နက်ချ အလင်းဝင်လာတဲ့ PDF တပ်ဖွဲ့ဝင် ၃၈ ဦး ရှိတယ်လို့ စစ်ကောင်စီ ပြော

လက်နက်ချ အလင်းဝင်လာတဲ့ PDF တပ်ဖွဲ့ဝင် ၃၈ ဦး ရှိတယ်လို့ စစ်ကောင်စီ ပြော

အာဏာသိမ်း စစ်ကောင်စီထံ လက်နက်အပ်နှံ အလင်းဝင်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ၃၈ ဦး ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဇွန် ၁၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ၁၆ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာပါ။

စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ အပါအဝင် တခြားအဖွဲ့အစည်းတွေအနေနဲ့ လက်နက်အပ်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရင် ကြိုဆိုလက်ခံသွားမယ် လို့ ဇွန် ၁၂ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားတာပါ။

အဲဒီလို ထုတ်ပြန်ပြီးနောက် ဇွန် ၁၅ ရက်နေ့ထိ မကွေးတိုင်းက ငဖဲမြို့နယ်က PDF ၉ ဦး ၊စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ၅ ဦး၊ ဧရာဝတီတိုင်း ပုသိမ်နဲ့ ကျုံပျော်မြို့နယ်တို့က ၉ ဦး နဲ့ မန္တလေးတိုင်းမှာ ၁၅ ဦး၊ စုစုပေါင်း PDF ၃၈ ဦး အလင်းဝင်လာတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

လက်နက်အပ်ပြီး အလင်းဝင်လာတဲ့သူတွေထဲက မကွေးတိုင်း၊ ငဖဲမြို့နယ်က PDF ၉ ဦးဟာ တော်လှန် ရေးအင်အားစုတွေနဲ့ မသက်ဆိုင်တဲ့သူတွေဖြစ်တယ်လို့ People Revolution Alliance(PRA - Magway)ရဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုထားပါတယ်။

ငဖဲမြို့နယ်အတွင်းမှာ လှုပ်ရှားနေကြတဲ့ PRA-Magway ၊ 3T-Trangle နဲ့အနောက်ပိုင်းတိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (၃) ဖွဲ့ရှိသာရှိပြီး စစ်ကောင်စီက အလင်းဝင်လာတယ်ဆိုတဲ့ သူတွေနဲ့ အဲ့ဒီအဖွဲ့ အစည်းတွေဟာ မသက်ဆိုင်ဘူးလို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့လက်နက်အပ်ရေး ကမ်းလှမ်းချက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက လက်ခံမှာမဟုတ်သလို စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။

စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်တွေကို လက်နက်ချဖို့ ဖိတ်ခေါ်နေပေမယ့် စစ်ကောင်စီတပ် ကနေ စွန့်ခွာပြီး ပြည်သူတွေနဲ့ ပူးပေါင်းခဲ့တဲ့ ရဲနဲ့ တပ်မတော်သား တစ်သောင်းကျော်ထိ ရှိလာပြီးလို့ ပြည်သူ့စစ်သားများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...