ဖားကန့်တွင် ဒေသခံများ သွားလာရာတွင် ပြည်သူ့စစ် လက်မှတ် ပြနေရ

ဖားကန့်တွင် ဒေသခံများ သွားလာရာတွင် ပြည်သူ့စစ် လက်မှတ် ပြနေရ
ဓါတ်ပုံ - Kachin Land News (ပုံဟောင်း)
ဓါတ်ပုံ - Kachin Land News (ပုံဟောင်း)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာနှင့် အနီးအနားရှိ အခြားကျေးရွာများက တောင်ယာ လုပ်ကိုင် သူများအနေဖြင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က လုပ်ပေးထားသည့် တောင်ယာ သွားခွင့်လက် မှတ်ပြနိုင်မှသာ မိမိတို့ပိုင်သည့် တောင်ယာများတွင် သွားရောက် လုပ်ခွင့်ရသည်ဟု ဒေသခံများက ပြောသည်။

ယခုလ ဇွန်လဆန်းမှစတင်၍ ဒေသအတွင်းက တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်နေသူများကို စစ်ကောင်စီ လက် အောက်ခံ ပြည်သူ့စစ်အဖွဲ့က အမည်၊ မှတ်ပုံတင်အမှတ်၊ အဖအမည် အပါအဝင် ပြည်သူ့စစ်တံဆိပ်တုံးနှင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး တံဆိပ်တုံးများပါဝင်သည့် လက်မှတ် (ကဒ်ပြား) ကို ထုတ်ပေးခြင်း ဖြစ်သည်ဟု ရွာသား များက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ပြည်သူ့စစ်ဂိတ်မှာ ဖြတ်လို့ရှိရင် လက်မှတ်ပြရတယ်။ ပြန် လာရင်လည်း ပြရတယ်” ဟု ပြောသည်။

တောင်ယာသွားစဉ် စစ်ကြောင်းနှင့် တိုးပါက ၎င်းတို့ရွာသားမှန်ကန်ကြောင်းပြနိုင်ရန် အတွက် လက်မှတ်လုပ်ခိုင်း ခြင်းဖြစ်ကြောင်းဟုဆိုကာ ပြည်သူ့စစ်အဖွဲ့ဝင်များက ရွာသားများကို ကတ်များ လုပ်ခိုင်းနေခြင်း ဖြစ်သည်ဟု စံပြရွာသားများက ပြောသည်။

တောင်ယာ ၅ ဧကခန့် စိုက်ပျိုးလုပ်ကိုင်နေသည့် စံပြရွာသားတစ်ဦး “တိုက်ပွဲဖြစ်လာလို့ရှိရင် စစ်ကြောင်းတွေနဲ့ တိုးမိမှာ စိုးရိမ်နေရတယ်။ သူတို့ မသွားခိုင်းတဲ့လမ်းကို မသွားနဲ့ မိုင်းထောင်ထားတာ ရှိတယ်လို့ ကျနော်တို့ကို ပြည်သူ့စစ်အဖွဲ့က ပြောတယ်။ တိုက်ပွဲဖြစ်လာမှာကိုတော့ စိုးရိမ်တာပေါ့။ ရွာထဲကို လက်နက်ကြီး ကျလာမှာ တော့ အဲ့ဒါကိုတော့ စိုးရိမ်နေရတယ်” ဟု ပြောသည်။

သို့သော် ထိုသို့ ကဒ်ပြုလုပ်ရာတွင် ငွေကြေးတစ်စုံတစ်ရာပေးဆောင်ရခြင်းမျိုးတော့ မရှိဘူးဟု ထိုစံပြရွာသား က ပြောသည်။

လယ်ယာသွားခွင့်လက်မှတ် (ကဒ်ပြား) ထုတ်ပေးသည့် လမ်းမှာ ယခင်က ရွှေမှော်များသို့ သွားရာလမ်းဖြစ်ပြီး ဇွန် လ ၁ ရက်နေ့မှစတင်၍ အဆိုပါလမ်းအတွင်း လူစိမ်းအဝင်အထွက်အား ကန့်သတ်ချင်သောကြောင့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်နိုင်သည်ဟု စံပြကျေးရွာနှင့် ရှဒူးဇွပ်ကျေးရွာက ဒေသခံများက ပြောဆိုသည်။

ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှိ ရှဒူးဇွပ်ကျေးရွာအနီးက စံပြကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ စစ်အဖွဲ့ကို ပြည်သူများထံမှ ငွေကြေးကောက်ခံနေသည်ဟုဆိုကာ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၄ က တိုက်ခိုက်ခဲ့ဖူးသည်။

ထို့အပြင် တနိုင်းမြို့ လီဒိုလမ်းမပေါ်က ရှဒူးဇွပ်ကျေးရွာ အနီးအနားတွင် ရှိနေသည့် ရွှေတူးဖော်ရေးလုပ်ငန်း များ အားလုံးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့ နောက်ဆုံးထားကာ ထွက်ခွာပေးရန်လည်း KIA တပ်မဟာ (၂) ဘက်က သတိပေးထားသည်။ သို့သော်လည်း ရွှေတူးဖော်မှု လုပ်ငန်းများမှာ ရပ်တန့်သွားခြင်းမရှိပဲ ယနေ့ထိတိုင် ရှိနေဆဲ ဖြစ်သည်။

စံပြကျေးရွာနှင့် ရှဒူးဇွပ်ကျေးရွာတို့သည် မြစ်ကြီးနား-တနိုင်းသွားကားလမ်းပေါ်တွင်ရှိပြီး ရွာချင်းကပ်လျက်တည် ရှိသည့် ကျေးရွာများဖြစ်ကာ စံပြ၊ ရှဒူးဇွပ်နှင့် ဒွန်ဘန်ကျေးရွာများသည် ၂၀၂၂ ခုနှစ် (ယခုနှစ်) ဧပြီလမှ စတင်၍ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ရွာများ ဖြစ်သည်။

Most read this week

December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...