ရှမ်းမြောက် မန်တုံတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းနှင့် စျေးဆိုင်များ ပိတ်လိုက်ရ

ရှမ်းမြောက် မန်တုံတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းနှင့် စျေးဆိုင်များ ပိတ်လိုက်ရ
by -
မဇ္ဈိမ
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့အနီး ၄မိုင်ကွာခန့် မန်တုံ- လားရှိုးလမ်းမတွင် အစိုးရတပ်မတော်နှင့် TNLA တို့က သြဂုတ် ၄ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့ပေါ်ရှိ စာသင်ကျောင်းနှင့် စျေးဆိုင်များကို ပိတ်သိမ်းလိုက်ရကြောင်း မန်​တုံပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါ်နန်​းမိုးက အတည်​ပြ​ုပြောကြားသည်​။

မန်တုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးက “တပ်မတော် ရိက္ခာတန်း လားရှိုးကနေ မန်တုံတက်တဲ့အချိန်က ၄မိုင်မှာ TNLA က ပစ်တာ။ အဲတာက မြို့နဲ့ အရမ်းနီးတယ်။ ပြီးတော့ တပ်မတော် ရိက္ခာ၂စီးမီးလောင်သွားတယ်။ ဖြစ်တာက နေ့လည် ၁၁နာရီလောက်မှာဖြစ်တယ်။ အဲဒါကို တပ်မတော်က သူတို့စခန်းကနေ ပြန်ထုတော့ ပြည်သူတွေ အလန့်တကြားဖြစ်သွားတာ” ဟု ပြောသည်။

တိုက်ပွဲတွင် ဗုံးသံများ မကြာခဏပေါက်ကွဲသည့်အတွက်ကြောင့် စာသင်ကျောင်းကို ပိတ်လိုက်ကြောင်း မန်တုံမြို့ကျောင်းဆရာတစ်ဦးက ပြောသည်။

"အထကကျောင်းရဲ့နောက်ကုန်းမှာ ဖြစ်တယ်။ ဘယ်လိုဖြစ်တာလဲ ကျနော်တို့ တိတိကျကျတော့မသိဘူး။ ကျနော်တို့စာသင်နေတဲ့အချိန် ကလေးတွေက ဗုံသံလား ဘာသံလဲမသိ ပေါက်ကွဲသံတွေကြားရတယ်။ ခဏနေရင် တခြားကလေးတွေလည်း ထွက်ပြေးတာတွေ့လို့ ကျနော်တို့လည်းကျောင်းတခါတည်း ကျောင်းပိတ်လိုက်ရတယ် အကုန်လုံးထွက်ပြေးကုန်ကြတယ်။ လေယာဉ်တစ်စင်းလာတာလည်းတွေ့တယ်"ဟု ပြောသည်။

မန်တုံမြို့ခံ အမျိုးသမီးတစ်ဦးက "အခုလည်းဆက်လက်ဖြစ်နေဆဲပဲ လက်နက်ကြီးတွေနဲ့ပစ်နေတယ် မြို့ထဲမှာတော့တိတ်ဆိတ်နေတယ် ကျောင်းရော စျေးရောအကုန်ပိတ်ကုန်ကြတယ်။ မန်ကန်ဘက်မှာ လက်နက်ကြီးတစ်လုံးကျပြီးဒေသခံတွေက ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတယ် ဟိုခိုမှာလည်း ပါတီရုံးလက်နက်ထိမှန်တယ်လို့ ပြောလာတယ်" ဟု ပြောသည်။

အဆိုပါတိုက်ပွဲကြောင့် မန်တုံနှင့် ဆက်သွယ်ထးသည့် နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန် အဝင်အထွက်လမ်းမများကိုလည်း ပိတ်ထားကြောင်း ဒေသခံတွေက ပြောသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...