ရန်ကုန်မှာ နေအိမ် ဖောက်ထွင်းခံရမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေ

ရန်ကုန်မှာ နေအိမ် ဖောက်ထွင်းခံရမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း နေအိမ်နဲ့ ဆိုင်ခန်း ဖောက်ထွင်းခံရမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာတယ်လို့ နေအိမ်ဖောက်ထွင်းခံရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နေအိမ်နဲ့ ဆိုင်ခန်း ဖောက်ထွင်းခံရမှုတွေဟာ ဇွန်လအတွင်း ပိုမို ဖြစ်ပေါ်လာသလို တချို့နေအိမ် ဖောက်ထွင်းခံရမှုတွေမှာ အသက်အန္တရာယ်ကိုပါ ရန်ပြုသွားတဲ့ ဖြစ်စဉ်တွေအထိ ဖြစ်ပေါ်လာတာပါ။

နေအိမ်ဖောက်ထွင်းခံရတဲ့ အိမ်ရှင်တစ်ဦးက ဖောက်ထွင်းမှုအတွက် တရားခံကို ဖော်ထုတ်ပေးစေ လိုတယ်လို့ ပြောပါတယ်။

“သံပန်းသော့နဲ့ သစ်သားတံခါးသော့နဲ့ အဖျက်ခံရတာပါ။ မိန်းမပစ္စည်းတွေ ပါသွားတာ တော်တော်များတယ်။ ကျွန်တော်ပစ္စည်းတွေကတော့ မျက်မှန်ဘာညာပေါင်းမှ ၁၀ သိန်းစွန်းစွန်းလောက်ပဲရှိတာပါ။ သူကတော့ ပိုခံစားရတာပေါ့။ တရားခံကို ဖမ်းပေးစေချင်တယ်။ ဒီလိုလုပ်လို့ရတယ် ဘာမှလည်းမဖြစ်ဘူးဆိုတဲ့ အတွေးမျိုးဝင်သွားရင် ကျွန်တော်တို့လည်း မတန်ဘူး” လို့ နေအိမ်ဖောက်ထွင်းခံရတဲ့ အိမ်ရှင်တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် နေအိမ်ဖောက်ထွင်းခံရမှုတွေကို စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွေမှာ သွားရောက် တိုင်ကြားပေမယ့် ဖမ်းဆီးရမိခြင်း မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ပြည်သူတွေဟာ နေအိမ်ဖောက်ထွင်းမခံရဖို့အတွက် လုံခြုံရေးကို ကိုယ်တိုင် ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က မရမ်းကုန်းမြို့နယ်ရှိ တိုက်ခန်းဖောက်ထွင်းခံရမှုမှာ အငြိမ်းစာ ဆရာမကြီး တစ်ဦး အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်အတွက် ရဲတပ်ဖွဲ့ဘက်က တရားခံကို ဖမ်းဆီးမိရခြင်း မရှိသေးပါဘူး။

ရန်ကုန်တိုင်းအတွင်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ခိုးဆိုးလုယက်မှုတွေ မကြာခဏ ဖြစ်ပေါ်လာသလို အဲဒီအမှုတွေအတွက်လည်း စစ်ကောင်စီဘက်က ရှာဖွေ ဖော်ထုတ်နိုင်တာ မရှိသလောက် နည်းပါးနေပါတယ်။

ဥပဒေပညာရှင်တွေကတော့ အခုလို တရားဥပဒေစိုးမိုးမှု အားနည်းလာတာဟာ စစ်ကောင်စီက အာဏာတည်မြဲအတွက်သာ ကြိုးပမ်းနေတာကြောင့် ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...