စစ်ကိုင်းအခြေစိုက် ဇေယျာတိုင်းမ်သတင်းအယ်ဒီတာ ကိုစောရန်ပိုင်အားမတွေ့သဖြင့် အစ်ကိုဖြစ်သူကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကိုင်းအခြေစိုက် ဇေယျာတိုင်းမ်သတင်းအယ်ဒီတာ ကိုစောရန်ပိုင်အားမတွေ့သဖြင့် အစ်ကိုဖြစ်သူကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းပေ့ခ်ျအယ်ဒီတာ ကိုစောရန်ပိုင်၏အစ်ကိုဖြစ်သူအား စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

“ဇွန်လ ၁၁ ရက်နေ့က သူ့အိမ်ထဲ၀င်ဖမ်းခံရတာ။ ညီကိုမတွေ့လို့ အစ်ကိုကို ဖမ်းတာပါ။ သူ့ညီ (ကိုစောရန် ပိုင်)က စကစကလိုက်ဖမ်းနေလို့ ရှောင်နေရတယ်လေ။ အဲဒါ ဓားစာခံသဘောမျိုး ဖမ်းတာနေမှာ” ဟု စစ်ကိုင်းမြို့ခံ သတင်းရင်းမြစ်က ပြောသည်။

ဖမ်းဆီးခံရသူသည် စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်နေထိုင်သူ ကိုရဲနိုင်ဆွေ(အသက် ၄၀ နှစ်)ဖြစ်ပြီး ၄င်း သည်လည်း သတင်းထောက်ဟောင်းတစ်ဦးဖြစ်ကြောင်း သိရသည်။

ကိုရဲနိုင်ဆွေကို ဇွန်လ ၁၁ ရက်နေ့က နေအိမ်အတွင်း၀င်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကိုင်းမြို့မရဲစခန်း၌ ချုပ်ထားကြောင်းလည်း အဆိုပါသတင်းရင်းမြစ်က ဆိုသည်။

စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းပေ့ခ်ျ၏အယ်ဒီတာ ကိုစောရန်ပိုင်သည် Eleven Media တွင် လည်း သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် ပြီးခဲ့သည့်မေလ ၂၉ ရက်နေ့ကလည်း မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မန္တလေး တိုင်းဒေသကြီး)၏ ကန်တော့ခံသတင်းစာဆရာကြီး ဦးကြည်အောင်(အသက် ၇၇ နှစ်)ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သေးသည်။

လက်ရှိတွင် စစ်ကိုင်းမြို့၌ ဖမ်းဆီးခံသတင်းထောက် လေးဦးထက်မနည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...