ဗန်းမော်တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအား မှတ်ပုံတင်ပြောင်းလဲပြုလုပ်၊ အလုပ်အကိုင်နေရာတွင် ‘တောင်သူ’ဟု အစားထိုးပြောင်းလဲ

ဗန်းမော်တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအား မှတ်ပုံတင်ပြောင်းလဲပြုလုပ်၊ အလုပ်အကိုင်နေရာတွင် ‘တောင်သူ’ဟု အစားထိုးပြောင်းလဲ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း စစ်ကောင်စီ လက်အောက် တာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေကို မှတ်ပုံတင်အသစ်တွေ ပြန်လည်လုပ်ဆောင်ပေးခဲ့တယ်လို့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ ဗန်းမော်မြို့နယ်အတွင်းမှာရှိတဲ့ အစိုးရဝန်ထမ်းတွေနဲ့ စစ်တပ်အတွင်းနေထိုင်သူတွေကို အလုပ်အကိုင်နေရာမှာ တောင်သူအဖြစ် ပြောင်းလဲလိုက်ပြီး မှတ်ပုံတင် (၂) မျိုးကိုင်ဆောင်မှာဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ဝန်ထမ်းတွေ မှတ်ပုံတင် လဲတယ်လို့ကြားတယ်။ ဝန်ထမ်းတွေ စစ်တပ်ဘက်က အလုပ်လုပ်ပေးတဲ့သူတွေ အားလုံး မှတ်ပုံတင်လဲ ကြတယ်။ အလုပ်အကိုင်မှာ ဘာဆိုတာကို ပြင်လိုက်တာတဲ့ တောင်သူဆိုပြီး ထည့်လိုက်တာတဲ့” လို့ နီးစပ်သူက ဆိုပါတယ်။

အခုလို ပြုလုပ်တာဟာ သွားရေးလာရေးမှာ စိုးရိမ်ရလို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...