ကျောင်းအပ်နှုန်း ၁၀ ရာခိုင်နှုန်းအောက်သာရှိ၍ ကျောင်းသားမိဘများကို စစ်ကောင်စီက အစည်းအဝေး ခေါ်

ကျောင်းအပ်နှုန်း ၁၀ ရာခိုင်နှုန်းအောက်သာရှိ၍ ကျောင်းသားမိဘများကို စစ်ကောင်စီက အစည်းအဝေး ခေါ်

ဧရာဝတီတိုင်း၊ ဟင်္သာမြို့နယ်၊ ဟင်္သာတနည်းပညာတက္ကသိုလ်တွင် ကျောင်းအပ်နှုန်း ၁၀ ရာခိုင်နှုန်း အောက်သာရှိ၍ ကျောင်းမအပ်သည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများကို ဇွန်လ ၁၁ ရက်နေ့မှ စတင်ကာ စစ်ကောင်စီက အစည်းအဝေးခေါ်နေကြောင်း ဒေသခံများထံမှသိရသည်။

ဟင်္သာတနည်းပညာတက္ကသိုလ်တွင် စစ်အာဏာမသိမ်းမီကာလက ကျောင်းတက်သူဦးရေ ၁,၀၀၀ နီးပါး ရှိခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်တွင် ကျောင်းတက်သူ ၆၇ ဦးသာရှိကြောင်း CDM ဆရာတစ်ဦးက ပြောသည်။

ထို့ကြောင့် ကျောင်းမအပ်ပါက ပညာရေးနှောင့်နှေးမည်ဟုဆိုကာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများက ကျောင်းသားမိဘများ၏နေအိမ်များသို့ အစည်းအဝေးတက်ရောက်ရန် လိုက်လံအကြောင်း ကြား နေခြင်းဖြစ်သည်။

“ဟင်္သာတနည်းပညာတက္ကသိုလ်မှာ ကျောင်းအပ်တဲ့သူအရမ်းနည်းနေတော့ ကျောင်းမအပ်ဘဲ ကျောင်း နားထားတဲ့ကျောင်းသားတွေရဲ့ မိဘတွေကို အစည်းအဝေးခေါ်နေတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း ကနေ အခုအချိန်ထိကျောင်းမအပ်ဘဲနေလာတဲ့ ကျွန်တော်တို့ကျောင်းသားမိဘတွေကတော့ လုံးဝ ကျောင်းမအပ်ပါဘူး။ ပညာရေးနှောင့်နှေးတယ်ဆိုတာထက် စစ်တပ်ကဦးဆောင်ပြီးဖွင့်တဲ့ ကျောင်းဖြစ်လို့ ကို ကျောင်းမအပ်တာပါ” ဟု ဒေသခံတစ်ဦး ကဆိုသည်။

စစ်အာဏာမသိမ်းမီအချိန်က ဝန်ထမ်းပေါင်း ၁၄၀ ဦးခန့်ရှိခဲ့သည့် ဟင်္သာတနည်းပညာတက္ကသိုလ်တွင် စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွင် ပါဝင်နေသူ ဆရာ၊ ဆရာမ ၆၇ ဦး ရှိကြောင်း ဟင်္သာတ မြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံမှသိရသည်။

July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...
July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...