နော်ဝေးနိုင်ငံ ဖရိုလဲန်းမြို့ရှိ အောင်ဆန်းစုကြည်ပန်းခြံထဲ၌ ၇၇ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ကျင်းပမည်

နော်ဝေးနိုင်ငံ ဖရိုလဲန်းမြို့ရှိ အောင်ဆန်းစုကြည်ပန်းခြံထဲ၌ ၇၇ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ကျင်းပမည်

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၇ နှစ်မြောက် မွေးနေ့ပွဲကို နော်ဝေးနိုင်ငံ ၊ဖရိုလဲန်းမြို့မှာရှိသည့် အောင်ဆန်းစုကြည်ပန်းခြံထဲတွင် ဇွန်လ ၁၈ ရက်နေ့၌ စည်ကားစွာ ကျင်းပသွားမှာဖြစ်ကြောင်း ပန်းခြံကော်မတီဝင်ထံမှ သိရသည်။

''ကျွန်တော်တို့ အခုလာမယ့် ဇွန်လ ၁၈ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ၇၇နှစ်ပြည့် မွေးနေ့ပွဲကို ဖရိုလဲန်းမှာရှိတဲ့ အောင်ဆန်းစုကြည်ပန်းခြံထဲမှာကျင်းပဖို့အတွက် ပြင်ဆင်ထားပြီးပါပြီ၊ အရင်နှစ်တွေကဆိုရင် မြန်မာနိုင်ငံမှာ ထင်ပေါ်ကျော်ကြားတဲ့ စာရေးဆရာကြီးတွေ၊ အနုပညာရှင်တွေကိုဖိတ်ကြားပြီး ဒီမှာလာရောက် ဖျော်ဖြေကြပါတယ်။ ဒီနှစ်မှာတော့ နိုင်ငံရေးအခြေနေတွေကြောင့် သူတို့မလာနိုင်ဘူး၊ ဒါပေမယ့်လည်း ဥရောပမှာရောက်ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေ တော်တော်များများ လာရောက်ကြမှာဖြစ်တယ်''ဟု အောင်ဆန်းစုကြည်ပန်းခြံ(နော်ဝေး)မှ ဥက္ကဋ္ဌဖြစ်သူ ဆလိုင်းဂျွန်ထန်းတမ်မန်း က ပြောသည်။

'' ထူးခြားချက်အနေနဲ့ မှန်ပေါ်မှာ ရေးဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကို အဲဒီမွေးနေ့ပွဲလုပ်မဲ့ ပန်းခြံထဲမှာ လေလံတင်ရောင်းချပြီး ရရှိလာတာတွေကို မြန်မာပြည်အတွက် လှူဒါန်းဖို့ရှိတယ်။ လေလံအောင်တဲ့သူတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်သားငယ် ကင်မ်က ကြေညာပေးမှာဖြစ်တယ်လို့လည်း ''သူကဆိုသည်။

နော်ဝေးနိုင်ငံ ၊ဖရိုလဲန်းမြို့မှာ ဖွင့်လှစ်ထားရှိသည့် အောင်ဆန်းစုကြည်ပန်းခြံ(နော်ဝေး)ကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပန်းခြံဖွင့်ပွဲအခမ်းအနားကို နော်ဝေးနိုင်ငံဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ လက်ရှိ နိုဗလ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးဥက္ကဋ္ဌ မစ္စတာရှဲလ်မတ်နဲဘွန်ဒယ်ဗစ် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည့် ပန်းခြံလည်း ဖြစ်သည်။

ယခုနှစ်တွင်ကျင်းပမည့် ၇၇နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို အင်္ဂလန်နိုင်ငံရှိ လန်ဒန်ဆရာတော်ဦးဥတ္တရ၊ သံအမတ်ကြီးဦးကျော်မိုးထွန်း၊ နော်ဝေးနိုင်ငံ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ CRPH နော်ဝေးနိုင်ငံမှ ဒေါ်ဝတ်မှုံတို့အပြင် ဖိတ်ကြားထားသည့် အနုပညာရှင်များလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...
May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...