မြန်မာ့အရေးမှာ ဖျက်သိမ်းရေးနှုတ်ထွက်စကားမှာပဲ မနစ်မွန်းသင့်လို့ ထိုင်းကိုယ်စားလှယ်ပြော

မြန်မာ့အရေးမှာ ဖျက်သိမ်းရေးနှုတ်ထွက်စကားမှာပဲ မနစ်မွန်းသင့်လို့ ထိုင်းကိုယ်စားလှယ်ပြော

မြန်မာစစ်အစိုးရနဲ့ ဆက်ဆံချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ “ဖျက်သိမ်းရေး နှုတ်ထွက်စကား”မှာ နစ်မွန်းမနေသင့်ဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်က ပြောပါတယ်။

ရှုံ့ချမှုတွေ၊ ပိတ်ဆို့အရေးယူမှုတွေနဲ့ နှောင့်ယှက်မှုတွေဟာ လျော့ပါးလာတဲ့ တုံ့ပြန်မှုတွေ အဖြစ် ရောက်ရှိသွားနိုင်တယ်လို့ စင်္ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လုံခြုံရေးနဲ့ နိုင်ငံတကာရေးရာ ကျွမ်းကျင် သူတွေရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ Pornpimol Kanchanalak က ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနှုန်းတွေကို မကြာမီအချိန်မှာ ပြန်လည်ရရှိနိုင်မယ်လို့ ယုံကြည်မှု အားနည်းနေတဲ့ တခြားဟောပြောသူတွေရဲ့ မှတ်ချက်ကို သူမက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ် က ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ပြုလုပ်မယ့် စစ်အစိုးရ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ့် အခွင့် အရေးမရှိဘူးလို့ ပြောပါတယ်။

“လွတ်လပ်ပြီး တရားမျှတဖို့ အခွင့်အလမ်းမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်၊ ပြီးတော့ ဒါဟာ ဒေသတွင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းကို ခြယ်လှယ်ဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်နိုင်တယ်” အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ် က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Noeleen Heyzer ဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင် ကတာဝန်ထမ်းစတင်ထမ်းဆောင်ချိန်ကစပြီး မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခွင့်မရခဲ့တဲ့ အတွက် တရားမဝင် ဆန္ဒမဲပေးမှုတွေဟာနောက်ထပ်မငြိမ်မသက်ဖြစ်စေမှာကို စိုးရိမ်နေပါတယ်။

လာမယ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကို မစ္စ Pornpimol က အသိအမှတ်ပြုခဲ့ပေ မယ့် နိုင်ငံတကာ အသိုင်းအဝိုင်းက ရွေးကောက်ပွဲကျင်းပဖို့ စစ်အစိုးရရဲ့ ကတိကဝတ်တွေကို တန်ဖိုးရှိရှိ စောင့်ကြည့်သင့်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီး ကတည်းက မြန်မာနိုင်ငံဟာ ကမောက်ကမ ဖြစ်ခဲ့ပြီး စီးပွားရေးကျဆင်းမှုတွေလည်းရှိလာပါ တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် မဲလိမ်လည်မှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီးထောင်ချထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အရပ်သား (၂၀၀၀) နီးပါးကို သတ်ဖြတ် ခဲ့ပြီး (၁၄၀၀၀) ကျော်ကို ဖမ်းဆီးထိမ်းသိမ်းထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ တိုက်ခိုက်ရေးသမားတွေကို လက်နက်တွေ ပေးအပ်ဖို့ အမေရိကန်က လောလောဆယ် မစဉ်းစားထားသေးဘူးလို့ မစ္စတာ Chollet က အတည်ပြုပြောဆိုထားပါတယ်။

Ref : Bangkok Post

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...