ကနီ တွင် တစ်လအတွင်း လူနေအိမ်တစ်ထောင် ကျော်မီးရှို့ခံရပြီး ပြည်သူ ၇ဦး သတ်ဖြတ်ခံရ

ကနီ တွင် တစ်လအတွင်း လူနေအိမ်တစ်ထောင် ကျော်မီးရှို့ခံရပြီး ပြည်သူ ၇ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် တစ်လအတွင်း လူနေအိမ် တစ်ထောင်ကျော် မီးရှို့ခံရပြီး အရပ်သားပြည်သူ ၇ ဦးအထိလည်း သတ်ဖြတ်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ကနီ တွင် မေလ ၁၀ ရက်နေ့ မှ ဇွန်လ ၅ရက်နေ့အထိ ရက်ပေါင်း ၂၇ ရက်အတွင်း စစ်ကောင်စီစစ်ကြောင်းများသည် ရွာပေါင်း ၁၅ ရွာမှ လူနေအိမ်တစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား ပြည်သူ ၇ ဦးအထိလည်း သတ်ဖြတ်ခဲ့ကြောင်း ကနီဒေသခံတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“ကျွန်တော်တို့ ကနီမှာတော့ လတ်တလောမှာ စစ်ဘေးရှောင်ပြည်သူတွေတော့ မရှိတော့ဘူး။ သို့သော် ကနီမြို့နယ်မှာက စစ်ကြောင်းထိုးခဲ့တဲ့ ၂၇ ရက်တာအတွင်းမှာ နေအိမ်ပေါင်း ၁၀၅၃ လုံးမီးလောင် ပျက်စီးခဲ့တယ်။ အဲ့တွက်ကြောင့် စစ်ဘေးရှောင်မရှိတော့ပေမယ့် မီးဘေးသင့် ပြည်သူတွေကတော့ ခိုကိုးရာမဲ့ဖြစ်နေဆဲပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ သတ်ဖြတ်ခဲ့သည့် ဒေသခံများမှာ အထက်ကင်းရွာမှ အမျိုးသားတစ်ဦး၊ ကင်းတောင် ရွာမှ အမျိုးသားတစ်ဦး၊ တဇယ်ချောင်ရွာမှ အမျိုးသားလေးဦး နှင့် ဒေါင်းခြံ ရွာမှ အမျိုးသားတစ်ဦး စုစုပေါင်း ၇ ဦးဖြစ်သည်။ ထိုအထဲ တဇယ်ချောင်ရွာမှ အသက် ၁၇ နှစ်အရွယ် ယောကျာ်လေးတစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။

“အထက်ကင်းရွာက သတ်ခံရတဲ့ဟာဆိုရင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကြိုးသုတ်ရိုက်နက်ပြီး ခြေလက်တွေ ဖြတ်ပြီးသတ်သွားတယ်။ ကင်းနောင်ရွာကလည်းထို့နည်းတူပဲသတ်ခံရတယ်။ နောက်သန္ဓေချောင်ရွာကလေးဦးကတော့ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ပြီး ချောက်ထဲကိုတွန်းချခဲ့တယ်။ ဒေါင်းခြံရွာက ဖြစ်စဥ်ကတော့သတ်ပြီးမှ မီးရှို့ဖျက်ဆီးခဲ့တယ်”ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် အဓိကမီးရှို့သွားသည့်ကျေးရွာများမှာ ချင်းတွင်းမြစ်ကမ်းဝဲယာတစ်လျှောက်ရှိနေအိမ်များနှင့် PDFများရှိသည်ဟု ထင်မှတ်သည့် ကုန်းတွင်းပိုင်း ဒေသများမှ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဝက်ချောင်းလေးရွာ၊ ဝက်ချောင်းကြီးရွာ၊ ရွာသာ၊ ကနဲရွာ၊ ကျွန်းဖျားရွာ၊ နတ်ကြီး၊ အထက်ကင်းရွာ၊ကင်းရွာ၊ ချမ်းသာစု၊ ကဲဒေါင်ရွာ၊ စိန်ကုန်း၊ သရက်တော၊ ဆင်ဆန်းရွာ၊ ကင်းတောင် စုစုပေါင်း ၁၄ ရွာ မီးရှို့ဖျက်ဆီးခဲ့ပြီး မီးဘေးသင့်ပြည်သူ သောင်းချီရှိကြောင်းလည်း သိရသည်။

“မီးဘေးသင့်ပြည်သူတွေက သက်ဆိုင်ရာဒေသမှာရှိနေကြတဲ့ စာသင်ကျောင်းတွေ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်ကြတာမျိုးတွေရှိတယ်။ တချို့ကတော့ဆွေမျိုးတွေရှိတဲ့ရွာတွေမှာသွားနေကြတာရှိတယ်။ တောတောင် တွေမှာနေထိုင်ကြတာရှိတယ်”ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လတ်တလောတွင် အဆိုပါ စစ်ဘေးရှောင်ပြည်သူများအတွက် အစားအသောက် အဝတ်အထည် ဆေးဝါးအကူအညီများ မရရှိသည့်အတွက် ခက်ခဲမှု ဖြစ်ပေါ်နေသည်ဟု သိရသည်။

မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...
ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...