KIO ထိန်းချုပ်နယ်မြေတွင် အထက်တန်းကျောင်း (၂) ကျောင်း တိုးချဲ့ ဖွင့်လှစ်

KIO ထိန်းချုပ်နယ်မြေတွင် အထက်တန်းကျောင်း (၂) ကျောင်း တိုးချဲ့ ဖွင့်လှစ်

ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ထိန်းချုပ်နယ်မြေတွေမှာ အထက်တန်းကျောင်း (၉) ကျောင်းနဲ့ ဖွင့်လစ်သင်ကြားခဲ့ရာကနေ အခုနှစ်မှာတော့ အထက်တန်းကျောင်း နှစ်ကျောင်းထပ်မံတိုးချဲ့ဖွင့်လှစ်ပြီး  လက်ခံသင်ကြားပေးနေတယ်လို့ သိရပါတယ်။

" မနှစ်ကတော့ အထက်တန်းကျောင်း ၉ ကျောင်းနဲ့ ကျောင်းသား နှစ်ထောင်ကျော် လက်ခံသင်ကြားပေးခဲ့တယ်။ ဒီနှစ်ကတော့ အထက်တန်းကျောင်းနှစ်ကျောင်း ထပ်ဖွင့်လိုက်ပြီ။ ကျောင်သားလဲပိုပြီး လက်ခံသင်ကြားပေးနိုင်ဖို့ပေါ့။ အားလုံးပေါင်းဆိုရင် အထက်တန်းကျောင်း ၁၁ ကျောင်း ပေါ့။”လို့ KIO ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 ၂၀၂၁-၂၂ စာသင်နှစ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO)ထိန်းချုပ်နယ်မြေ အတွင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ (၂၁၈၈) ယောက်ဖြေဆိုရာမှ အောင်မြင်သူစုစုပေါင်း (၁၆၈၀) ဦး၊ ဂုဏ်ထူးနဲ့ အောင်မြင်သူ (၃၀၀) ကျော်နဲ့ ကျရှုံးသူ  (၅၀၈ )ဦး  ရှိခဲ့ပြီးတော့ အောင်ချက်ရာခိုင်နှုန်း (၇၀) ကျော်အထိ ရှိခဲ့ပါတယ်။

KIO ထိန်းချုပ်နယ်မြေက အထက်တန်းကျောင်းတွေရဲ့ ဆယ်တန်း အောင်စာရင်းကို  ဇွန်လ (၆) ရက် နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...