တရားရုံးဝင်းအတွင်း ဗုံးကွဲပြီးနောက် ဒေသခံ ၂၀ ကျော် ဖမ်းခံရ

တရားရုံးဝင်းအတွင်း ဗုံးကွဲပြီးနောက် ဒေသခံ ၂၀ ကျော် ဖမ်းခံရ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် တရားရုံးဝင်း အတွင်းက ရှေ့နေများနားနေဆောင် ဗုံးပေါက်ကွဲပြီးနောက် အမျိုးသမီးများအပါအဝင် ဒေသခံ ၂၅ ဦး ထက်မနည်း အဖမ်းခံထားရသည်ဟု မြို့ခံများက ပြောသည်။

ဗုံးပေါက်ကွဲသည့် မေလ ၃၀ ရက် နံနက်ပိုင်းမှ ဇွန် လ ၂ ရက်နေ့အထိ နေ့စဥ်ရက်ဆက် ဖမ်းဆီးမှုများ လုပ်ဆောင် လျှက်ရှိရာ ဖမ်းဆီးခံထားရသည့် ဒေသခံ အနည်းဆုံး ၂၅ ဦးထက်မနည်း ရှိနေပြီဟု ရဲတပ် ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

မြို့ခံ ဦးသိန်းဝင်း က “လမ်းတွေပိတ် စစ်တုန်းက ဆိုင်ကယ် စီးလာတဲ့သူ အိုးဝေ(သုံးဘီး) မောင်းတဲ့သူ လမ်းသွား လမ်းလာ မသင်္ကာတဲ့ သူတွေကို ဖမ်းတယ်။ နောက်ပိုင်းတော့ CCTV ထဲ ပါတဲ့သူတွေပါ လိုက်ဖမ်းနေတာ” ဟု ပြော သည်။

အဖမ်းခံရသူများအနက် မြို့မရပ်ကွက်က အသက် ၃၅ နှစ်ဝန်းကျင်ရှိ မဂျူးဆိုသူ အမျိုးသမီးနှင့်အတူ အခြား အမျိုးသမီးငယ် ၄ ဦး ပါဝင်ပြီး အမျိုးသားများမှာလည်း လူငယ် အများစု ဖြစ်သည်ဟု မြို့ခံများ၏ ပြောပြချက် အရ သိရသည်။

ဝါးခယ်မမြို့ပြ ပြောက်ကျားတပ်ဖွဲ့ နှင့် ဧရာဝတီလင်းပိုင် အဖွဲ့တို့က အဆိုပါ ဗုံးဖောက်ခွဲမှုကို ၎င်းတို့ ပူးပေါင်းပြီး သတိပေးဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဖမ်ဆီးခံထားရသူများထဲမှ တစ်ဦး၏ မိသားစုဝင်တစ်ဦးက “အဖမ်းခံရသူတွေကို ရဲစခန်းမှာ ချုပ်ထားတယ်။ လူ ချင်းတွေ့လို့ မရသေးဘူး” ဟု ပြောသည်။

ဝါးခယ်မမြို့နယ်အတွင်း Mytel ဖုန်းတာဝါတိုင်၊ ဌာနဆိုင်ရာရုံး နှင့် ရဲစခန်းတို့ ဗုံးဖောက်ခွဲ ပစ်ခတ်ခံရမှုများ ယခင် ကလည်း ဖြစ်ပွားခဲ့ဘူးပြီး ထိုသို့ ဖြစ်ပွားတိုင်း မသက်ဆိုင်သည့် အပြစ်မဲ့ ပြည်သူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် များက သိမ်းကျုံးဖမ်းဆီးလေ့ရှိသည် ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလအတွင်းကလည်း ဝါးခယ်မမြို့ လဝကရုံးတွင် စစ်ကောင်စီတပ်ဖွဲ့က ရုံးအတွင်းမှ ဗုံးနှစ်လုံးကို ရှာဖွေ သိမ်းဆီးခဲ့ပြီးနောက် မဆက်ဆိုင်သည့်သူ ၁၁ ဦးကို ဖမ်းဆီးခံခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

ထိုသို့ ဖမ်းဆီးခံခဲ့ရသည့် အပြစ်မဲ့ပြည်သူထဲမှ အချို့ကို ငွေတောင်း၍ ပြန်လွှတ်ပေးခဲ့ပြီး၊ ငွေမပေးနိုင်သူ အချို့ကို ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲခံထားရသည်မှာ ယနေ့တိုင်ဖြစ်သည်ဟု ဒေသခံ လူအခွင့်အရေး တက်ကြွ လှုပ် ရှားသူများ ကွန်ရက်အဖွဲ့ထံမှ သိရသည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...