သူ (H1N1) ကိုယ်တိုင်လောက်တော့ သေစေနိုင်လောက်တဲ့အထိ မပြင်းထန်ဘူး။ အခြား ဗိုင်းရပ်စ်ပိုး တွေနဲ့ ပေါင်းသွားရင်တော့ ပြင်းထန်သွားတယ်

သူ (H1N1) ကိုယ်တိုင်လောက်တော့ သေစေနိုင်လောက်တဲ့အထိ မပြင်းထန်ဘူး။ အခြား ဗိုင်းရပ်စ်ပိုး တွေနဲ့ ပေါင်းသွားရင်တော့ ပြင်းထန်သွားတယ်
by -
သံလွင်တိုင်းမ်
မြန်မာနိုင်ငံတွင် H1N1 ဗိုင်းရပ်စ်ကူးစက်ခံရမှုများဖြစ်ပွားနေပြီး လူသေဆုံးသည် အထိဖြစ်ပွားမှုရှိခဲ့သည်။ H1N1 ဗိုင်းရပ်စ်သည် သာမာန်ရာသီ တုပ်ကွေးဖြစ်သော်လည်း လူကိုသေစေ နိုင်လောက်တဲ့အထိ ပြင်းထန်သည့်အတွက် ဗိုင်းရပ်စ်ကို မည်သို့ကြိုတင်ကာကွယ်သင့်ကြောင်းနဲ့ အများပြည်သူသိရှိစေရန်နှင့်ပတ်သက်ပြီး မော်လမြိုင်အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်ဇင် ထံသို့ သံလွင်တိုင်းမ်မှ သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

မေး။ ။H1N1 ဗိုင်းရပ်စ်ပိုးဟာ မြန်မာပြည်မှာဘယ်တုန်းကစတင်ပေါ်ပေါက်ခဲ့တာလဲ ဆရာ။

ဖြေ။ ။သူကတော့ ဗိုင်းရပ်စ် Type A အမျိုးအစားပါ ဝက်တွေမှာစဖြစ်တာ ဝက်ကနေတစ်ဆင့် လူကိုကူးစက်တာပေါ့။ နောက်ပိုင်းကျတော့ ဝက်တွေမှာက ဝက်တုပ်ကွေးဖြစ်တယ်။ လူမှာဖြစ်တဲ့ တုပ်ကွေးလည်း ဝက်ကိုကူးသွားပြန်ရော ကြက်ဌက်တုပ်ကွေးလည်း ဝက်မှာဖြစ်တယ် ဒါကြောင့် ဝက်ခန္ဓာကိုယ်မှာ ဗိုင်းရပ်စ်တွေပေါင်းပြီး မျိုးပွားရာကနေ H1N1 ဆိုတဲ့ဗိုင်းရပ်စ်အသစ် ဖြစ်ပေါ်ခဲ့တာ ဝက်သားစားလို့ ဒီဗိုင်းရပ်စ်ကူးစက်တာမျိုးမဟုတ်ဘဲ လူအချင်းချင်းပဲကူးစက်တာပါ။ တွင်တွင် ကျယ်ကျယ် ကူးစက်ခံရတာတော့ ၂၀၀၉ ခုနှစ်လောက်မှစဖြစ်တာပါ။

မေး။ ။H1N1 ရောဂါပိုးဟာပြင်းထန်တဲ့တုပ်ကွေးအမျိုးအစားပါလားဆရာ။

ဖြေ။ ။သူကလေ ပြင်းထန်တယ်လို့တော့ပြောလို့ရတယ်။ အရင်တွေ့နေကျတုပ်ကွေး ရောဂါပိုး အမျိုးအစားလိုတော့မဟုတ်ဘူး။ လူကိုသေစေနိုင်တယ်။ ဒါပေမယ့်သေနှုန်းကတော့ (၁)ရာခိုင်နှုန်း လောက်ပဲ။ များသောအားဖြင့် အဆုတ်ရောင်တာနဲ့ နမိုလီယားလို့ခေါ်တဲ့ ဗိုင်းရပ်စ်ဝင်တာနဲ့ ဖြစ်သွား တာပါ။ သူကိုယ်တိုင်လောက်တော့ သေစေနိုင်လောက်တဲ့အထိ မပြင်းထန်ဘူး။ အခြားဗိုင်းရပ်စ်ပိုး တွေနဲ့ ပေါင်းသွားရင်တော့ ပြင်းထန်သွားတယ်။

မေး။ ။H1N1 ဗိုင်းရပ်စ်ဟာဘယ်လိုကူးစက်နိုင်ပါသလဲဆရာ။

ဖြေ။ ။သာမာန်တုပ်ကွေးလိုပါပဲ။ ချောင်းဆိုးတာ နှာချေတာကနေ ကူးနိုင်တယ်။ အသက်ရှုလမ်း ကြောင်းကနေကူးစက်တာပါ။ ဒါကြောင့် နှာခေါင်းစည်းလေးတွေ တပ်ထားသင့်တယ်။ လက်ကိုလည်း မကြာခဏ ဆေးကြောသင့်တယ်။

မေး။ ။H1N1 ဗိုင်းရပ်စ်ကူးစက်ခံရပြီးဆိုရင် ဘယ်လိုကုသမှုတွေပြုလုပ်သင့်လဲဆရာ။

ဖြေ။ ။ဒီရောဂါကတော့ အိမ်မှာကုသလည်းရပါတယ်။ ဒါပေမယ့် ဆေးရုံတက်ရင်တော့ ပိုကောင်းတာ ပေါ့။ ဒီဗိုင်းရပ်စ်ကူးစက်ခံရမှန်းသေချာဖို့ကလည်း လိုသေးတယ်။ ဆေးရုံမှာပဲ စစ်ဆေးလို့ရတယ်။ ဆေးရုံမှာက သူတို့ကိုသီးခြားခွဲထားပြီး စနစ်တကျထိန်းသိမ်းထားတဲ့အတွက် ကျန်တဲ့သူတွေလည်း မကူးစက်နိုင်ဘူး အာဟာရတွေကိုဖြည့်စွက်ဖို့အတွက် ဆေးဝါးတွေက ဆေးရုံမှာပဲ ရနိုင်တာ။

မေး။ ။H1N1 ဗိုင်းရပ်စ်ရဲ့ရောဂါလက္ခဏာကဘယ်လိုမျိုးပါလဲဆရာ။

ဖြေ။ ။ပုံမှန်ဖြစ်နေကျတုပ်ကွေးလိုပါပဲ။ ခေါင်းကိုက်မယ် နှာရည်ယိုမယ် ချောင်းဆိုးမယ် အဲ့ကနေမှ တစ်ဆင့် ကိုယ်လက်ကိုက်ခဲမယ် အဖျားတော့မရှိပါဘူး။

မေး။ ။H1N1 ဗိုင်းရပ်စ်ကူးစက်မခံရအောင် ဘယ်လိုကြိုတင်ကာကွယ်မှုတွေပြုလုပ်သင့်လဲဆရာ။

ဖြေ။ ။ကူးစက်တတ်တဲ့လမ်းကြောင်းတွေကို ပိတ်လိုက်ရင်ရပါပြီ။ အသက်ရှုလမ်းကြောင်းကနေ ကူးစက်နိုင်တဲ့အတွက် လူစုလူဝေးရှိတဲ့နေရာတွေ မသွားသင့်ဘူး။ နှာခေါင်းစည်းလေးတွေ တပ်ထား သင့်တယ်။ အများသုံးပစ္စည်းတွေ ကိုင်တွယ်ပြီးလို့ရှိရင် လက်ဆေးသင့်တယ်။ အလင်းရောင်နဲ့ လေ ဝင်လေထွက်ကောင်းတဲ့ နေရာတွေမှာနေသင့်တယ်။ နေရောင်ခြည်နဲ့လည်း ထိတွေ့သင့်တယ်။

မေး။ ။H1N1 ဗိုင်းရပ်စ်ဟာအရွယ်သုံးပါးမရွေး ကူးစက်နိုင်တာလားဆရာ။

ဖြေ။ ။ကလေးတွေ ကိုယ်ဝန်ဆောင်တွေ သက်ကြီးရွယ်အိုတွေက ပိုပြီးတော့အန္တာရယ်များတယ်။ သူတို့တွေက ကူးစက်နိုင်ခြေပိုများတယ်။ ကိုယ်ခံစွမ်းနည်းတဲ့သူတွေပေါ့။ ဆေးလိပ် အရက်သောက်သူ တွေလည်း ကူးစက်ခံရနိုင်တယ်။

မေး။ ။H1N1 ဗိုင်းရပ်စ်အတွက် ဆေးဖော်စပ်ထားတာမျိုးရောရှိလားဆရာ။

ဖြေ။ ။အရင်ကတော့ ဗိုင်းရပ်စ်ပိုးကိုသေစေတဲ့ဆေးရှိတယ်။ ဒါပေမယ့် သူ့မှာကဘေးထွက်ဆိုးကျိုးတွေ ရှိနေတယ်။ အခုလောလောဆယ်မှာဖြစ်နေတာက အဲ့ဆေးသောက်လို့ ကောင်းသွားတဲ့လူရှိသလို အကျိုးမရှိဖြစ်သွားတဲ့လူတွေလည်းရှိတယ်။ ဆေးတွေက အရမ်းအသုံးမဝင်ပါဘူး။ ဆိုးကျိုးက ပိုများ တယ်။ ဒါကြောင့်ဒီဗိုင်းရပ်စ်အတွက် သောက်ရမယ့်ဆေးကိုတော့ အတိအကျမညွှန်းနိုင်သေးဘူး။ ရောဂါလက္ခဏာကိုကြည့်ပြီး ကုသနေရတာပါ။

မေး။ ။H1N1 ဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့သီးခြားဖြည့်စွက်ပြောချင်တာမျိုးရှိလား ဆရာ။

ဖြေ။ ။နှစ်စဉ်နှစ်တိုင်းဖြစ်ခဲ့တာပါ။ အရမ်းစိုးရိမ်ဖို့မလိုပေမယ့်လည်း သတိတော့ထားသင့်ပါတယ်။ ဒီလိုကာလအတောအတွင်းမှာ အသွားအလာအနေအထိုင် ဆင်ခြေဖို့လိုတယ်။

အချိန်ပေးပြီးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။

ဓာတ်ပုံ-CJ
January 7, 2026
ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတွေထဲကို...
December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...