စားသောက်ကုန်များအား စနစ်ကျကျ စောင့်ကြည့်ထိန်းချုပ်နိုင်မှုလိုအပ်နေ

စားသောက်ကုန်များအား စနစ်ကျကျ စောင့်ကြည့်ထိန်းချုပ်နိုင်မှုလိုအပ်နေ
by -
သံလွင်တိုင်းမ်
အစားအသောက်နှင့်ပတ်သက်၍ စိတ်ချရမှုရှိမနေဘဲ ပြည်တွင်းနှင့် ပြည်ပမှ စားသောက်ကုန်များအား စနစ်တကျ စိစစ်ထိန်းချုပ်တင်သွင်းထိန်းချုပ်ရန် လိုအပ်နေသေးကြောင်း စားသုံးသူအရေးတက်ကြွ လှုပ်ရှားသူများက ပြောကြားသည်။

'' နေ့စဉ်အစားအသောက်နဲ့ပတ်သက်ပြီး စိတ်ချရမှု လုံးဝရှိမနေပါဘူး ဘာလို့လဲဆိုတာ့ ကျနော်တို့ ဆီမှာ ပြည်ပကတင်သွင်းတဲ့အစားအသောက်တွေကို အသေအချာစိစစ်ပေးပြီးမှ တင်သွင်းခိုင်းတာမျိုး၊ ပြည််တွင်းက စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေအပေါ်စည်းစနစ်ကျကျ စောင့်ကြည့်ထိန်းချုပ် တာမျိုး အင်မတန်အားနည်းနေလို့ပဲ၊ လိုအပ်ချက်လည်းရှိနေပါသေးတယ်၊ နောက်တခုက ဥပဒေပိုင်း အားနည်းချက်ရှိတာလဲပါတယ် ''ဟု မွန်ပြည်နယ်၊ ရေးမြို့နေ စားသုံးသူအရေး တက်ကြွလှုပ်ရှားသူ ကိုဘုန်းမြတ်ဟန်က ပြောကြားသည်။

အစားအသောက်နှင့် ဆေးဝါးအလှကုန်ပစ္စည်းများအနေဖြင့် ဘေးကင်းလုံခြံုမှုအားနည်းခြင်း၊ မရှိခြင်း အပြင် ထိန်းချုပ်ကွပ်ကဲမှုပိုင်းအားနည်းခြင်း၊ မထိရောက်ခြင်းတို့ကြောင့် ဆယ်စုနှစ်(၃)ခုကာလ ဖြစ်လာခဲ့ရပြီး ယခု ၄င်းတို့နှင့်ဆက်နွယ်ဖြစ်ပွားလာသော ကျန်းမာရေးပြဿနာများ တစ်နေ့တစ်နေ့ ကြီးထွားလာနေပြီး နိုင်ငံ၏ပုံရိပ်ကို ထိခိုက်လာသည့်အနေအထားဖြစ်နေကြောင်း မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောသည်။

'' စားသုံးသူပြည်သူများအားလုံးကလည်း ဒီလိုအန္တရာယ်ကြီးကို သိရှိနားလည်ပြီး ရွေးချယ်စားသုံး တတ်ကြပါ၊ ကျွန်တော်တို့ရဲ့ထိန်းချုပ်ကွပ်ကဲရေးလုပ်ငန်းစဉ်တွေအပေါ် အမြင်ရှင်းရှင်းနဲ့ ပူးပေါင်းပါ၀င် ပေးကြပါ၊ နောင် ၁၀ စုနှစ်တစ်ခုအကြား ပေါ်ပေါက်လာမယ့် မျိုးဆက်သစ်များရဲ့ပတ်ဝန်းကျင်မှာ ဘေးအန္တရာယ်ကင်းရှင်းတဲ့ဝန်းကျင်ဖြစ်အောင် ဆောင်ရွက်ကြပါလို့ ပြောကြားချင်ပါတယ် '' ဟု ဒေါက်တာစိုးနိုင်က ပြောသည်။

ဇွန်လနောက်ဆုံးပတ်အတွင်း မွန်ပြည်နယ်၊ မော်လမြိုင်၊ ဘီးလင်း၊ သံဖြူဇရပ်မြို့နယ်များတွင် မိုဘိုင်းလ်ဓာတ်ခွဲယာဉ်ဖြင့် ဓာတ်ခွဲစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပြီး အစားအသောက်နမူနာ ၁၅၃ မျိုး၊ ဆေးဝါးနမူနာ ၄ မျိုး၊ အလှကုန်နမူနာ ၁၃ မျိုးဝယ်ယူပြီး ဓာတ်ခွဲယာဉ်ပြည်နယ် FDA ဓာတ်ခွဲခန်းနှင့် နေပြည်တော်ဓာတ်ခွဲခန်းများသို့ တိုက်ရိုက်ပေးပို့စစ်ဆေးခဲ့ကြောင်း၊ ၂ နေရာမှ ၀ယ်ယူလာခဲ့သည့် အစားအသောက်နမူနာ ၂ မျိုးမှာ စားသုံးရန်မသင့်သည့် တာရှည်ခံဓါတုပစ္စည်းများ ထည့်သွင်းထားပြီး ခွင့်မပြုဆေးသုံးထားသော အစားအသောက် ၅ မျိုး၊၊ တားမြစ်ဓာတုပစ္စည်းသုံးစွဲထားသည်ဟု သံသယ ရှိ အလှကုန်ပစ္စည်း ၅ မျိုးတွေ့ရှိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

'' မြန်မာပြည်မှာဖြစ်နေတာက အစားအသောက်တခုဟာ မစားသုံးသင့်တယ် မစားသုံးသင့်ဘူးလို့ ကြေညာတာ ထုတ်ပိုးမှုကိုကြည့်ပြီး ကြေညာတာချည်းပဲများတယ်။ အစားအသောက်ရဲ့ အရည် အသွေးကိုပြောတာမျိုးမဟုတ်ဘူး၊ ဒါတွေကို ပြင်နိုင်လုပ်နိုင်တဲ့တနေ့မှပဲ အစားအသောက်တွေ စိတ်ချရတယ်ဆိုတဲ့တနေ့ကို ရောက်မယ်။ အစားအသောက်ဟာ နိုင်ငံရေးပဲ၊ အခုလို ပြည်ပရင်းနှီး မှုတွေကို ဖိတ်ခေါ်နေတဲ့အချိန်မှာဆို အစားအသောက်ကုမ္ပဏီတွေရဲ့ လာရောက်လက်ဝါးကြီးအုပ်မှုကို လဲ စိုးရိမ်ရပါတယ်၊ အခုအစိုးရလက်ထက်မှာ စားသုံးကုန်အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရဲ့ အသံကိုနားထောင်ဖို့နဲ့ အားကာင်းလာအောင်လုပ်ပေးဖို့ လိုအပ်ပါတယ် '' ဟု ကိုဘုန်းမြတ်ဟန်က မှတ်ချက်ပြုသည်။

မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးသန်းအေးက '' စားသုံးသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် ပူူးပေါင်းပါ၀င်မှုရှိလာတယ်၊ စျေးကွက်ကွင်းဆင်း စစ်ဆေးရာမှာလည်း တားမြစ်ကုန်စည်တွေ့ရင် အပ်နှံမှုတွေလုပ်လာသလို ပညာပေးဟောပြောမှု တွေမှာလဲ ဆွေးနွေးမေးမြန်းမှုတွေလုပ်လာတယ်၊ ပြီးတော့ မိမိတို့ရဲ့ဆုံးရှုံးနစ်နာမှု တစ်စုံတရာရှိခဲ့ ရင်လည်း စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားနိုင်တယ်ဆိုတာ သိလာပါတယ် '' ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း စားသုံးသူပြည်သူ (၂)သန်းကျော်ရှိနေပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လူဦးရေ ၅ သောင်းကျော်ခန့်သာ အသိပညာပေးဆောင်ရွက်နိုင်ခဲ့သော်လည်း စားသုံးသူ ပြည်သူ များအနေဖြင့် ထိုက်သင့်သည့်အကျိုးရလဒ်များရှိလာပါ ကြောင်း၊ စားသုံးသူဆိုင်ရာအခွင့်အရေးနှင့် တာဝန်ကိုသိရှိလာနိုင်ပြီး ၀ယ်ယူမသုံးစွဲမီ သတိပြုရမည့်အချက်များအား သိရှိလာခြင်းနှင့် လုပ်ငန်း ရှင်များအနေဖြင့်လည်း ထုတ်ကုန်ပစ္စည်းများအပေါ် အခွင့်အရေးနှင့်တာဝန်ကို သိရှိလာကာ ထုတ် ကုန်ကြောင့် စားသုံးသူနစ်နာမှုရှိပါက ပြစ်ဒဏ်များခံရနိုင်သည်ကို သိရှိလာကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားသည်။

စားသုံးသူ အကာအကွယ် ပေးရေးဥပဒေသည် ၂၀၁၄ မတ် လတွင် အတည်ပြုပြဋ္ဌာန်းသော်ခဲ့သော်လည်း လိုအပ်ချက်များရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနက ဥပဒေပညာရှင်များနှင့် မြန်မာ စားသုံးသူများသမဂ္ဂတို့ ပူးပေါင်းရေးဆွဲနေခြင်းဖြစ်ပြီး လာမည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၌ထပ်မံထွက်ပေါ် လာမည်ဟု စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။

ဓာတ်ပုံ-CJ
January 7, 2026
ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတွေထဲကို...
December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...