မြင်းမူမြို့နယ်တွင် လူနေအိမ်မီးရှို့ခံရပြီး ပြည်သူ ၃၀ ဦးခန့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရ

မြင်းမူမြို့နယ်တွင် လူနေအိမ်မီးရှို့ခံရပြီး ပြည်သူ ၃၀ ဦးခန့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂုရုကျေးရွာသို့ ယမန်နေ့ (မေ ၃၁) နံနက် ၆ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ် အင်အား ၁၄၀ခန့် သေနတ်ပစ်ဖောက် ဝင်ရောက်လာသည့်အတွက် နေအိမ် ၃ လုံး မီးလောင်၊ သေနတ်ကျည်ထိမှန်သူ ၂ဦးအပြင် ပြည်သူ ၃၀ ဦးခန့်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း‌ ဒေသခံကာကွယ်ရေးတပ်မှ သိရသည်။

“ရွာသားနှစ်ဦးသေနတ်နဲ့ပစ်ခံထားရတာတော့ အတည်ပြုနိုင်ပါတယ်။ ရွာထဲမှာကဓားစာခံ ဖမ်းဆီးခံထားရတဲ့ ရွာသား၃၀လောက်ရှိတယ်ဗျ။ ကျန်တဲ့ရွာသားတွေကလည်းဘေးပတ်ဝန်းကျင်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်ဗျ” ဟု သူက ပြောသည်။

ဂုရုကျေးရွာတွင် စစ်ကောင်တပ်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ခြင်းမျိုး မရှိသော်လည်း စစ်ကောင်စီတပ်သည် ယခုကဲ့သို့ အကြောင်းမဲ့ရွာတွင်း ဝင်ရောက်လာပြီး အကြမ်းဖက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ ဂုရုကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ချောင်းဦးမြို့နယ် သန်းပင်ကန် ကျေးရွာဘက်မှ စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး ယခုချိန်ထိ‌ ဂုရုကျေးရွာအတွင်း တပ်စွဲနေထိုင်နေသေးကြောင်း သိရသည်။

ထို့ပြင် အဆိုပါစစ်ကြောင်းသည် လမ်းတစ်လျှောက် ပဲတောင်း ကျေးရွာမှ ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“ပဲတောင်းကျေးရွာမှာတော့ ပြည်သူတစ်ဦးကို အကြမ်းဖက်သတ်ဖြတ်လိုက်တယ် ပြည်သူနှစ်ဦးကတော့ လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်။ လက်ပန်နဲ့တောချောင်းဦးမှာတော့ အိမ်တွေမွှေနှောက် ရှာဖွေတာတွေရိုက်ချိုးထားခဲ့တာတွေတော့ရှိတယ်ဗျ” လို့ ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူကပြောသည်။

စစ်ကိုင်းတိုင်းသည် စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း အနော်ရထာစစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်မှု အများဆုံးပြုလုပ်ခံနေရသော ဒေသဖြစ်သည်။

မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...
ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...