KIO နယ်မြေရှိ စစ်ရှောင်အမျိုးသမီးများအတွက် လစဉ်သုံး ကူညီမှုများ လိုအပ်နေ

KIO နယ်မြေရှိ စစ်ရှောင်အမျိုးသမီးများအတွက် လစဉ်သုံး ကူညီမှုများ လိုအပ်နေ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းများတွင် အမျိုးသမီးဦးရေများပြားလာသောကြောင့် လစဉ်သုံး (pad) ထုတ်ကူညီမှုများ လိုအပ်နေကြောင်း သိရသည်။

လက်ရှိ ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများမှာလည်း အမျိုးသမီးလစဉ်သုံးထောက်ပံ့မှု နည်းပါးနေသောကြောင့် အပြင်ဈေးဆိုင်များတွင် ဈေးကြီးပေးပြီး ဝယ်ယူအသုံးပြုနေရသည်ဟု ဖွန်လွမ်ယန် စစ်ရှောင်စခန်း မှ အမျိုးသမီးများ ပြောသည်။

“အခုက ကျမတို့ကို ထောက်ပံ့တာတွေ မရှိသလောက်ဖြစ်သွားပြီ။ မနှစ်ကနေ နိုင်ငံရေးမကောင်းတော့ အဲ(pad) က မပေးတာကြာပြီ။ ကုန်ဈေးနှုန်းကလည်းတတ် အရင်ကဆို Pad တစ်ထုတ် ၈၀၀ ပေါ့။ အခုက ၁၄၀၀ လောက် ဈေးကြီး ပေးရတယ်ဆိုတော့ လုံလောက်အောင် မဝယ်သုံးနိုင်ကြဘူး။” ဟု ဖွန်လွမ်ယန်စစ်ရှောင်စခန်းမှ အမျိုးသမီးတာဝန်ခံ ဆရာမ ကိုင်ထန်က ပြောပါသည်။

ဖွမ်လွမ်ယန် စစ်ရှောင်စခန်းတွင် စစ်ရှောင်လူဦးရေ စုစုပေါင်း (၂၉၈၀) ဦး နေထိုင်ကြပြီး ထိုအထဲ မိန်းကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း (၁၆၇၃) ယောက် အထိ ရှိသည်။

“စစ်ရှောင်စခန်းတွေမှာ ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းအနေနဲ့ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းနဲ့ အမျိုးသမီးကျန်းမာရေး လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး ကူညီပေးဖို့အတွက် လိုအပ်တယ်။” ဟု KNG ကို ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း IDP စစ်ရှောင်စခန်းများကို အခြေခံစားသောက်ကုန်နှင့် အသုံးဆောင်ပစ္စည်းများ လစဉ်ထောက်ပံ့ပေးနေသော NGO အဖွဲ့အစည်းနှင့် ဘာသာရေးအဖွဲ့အစည်းများ အနေဖြင့် ထောက်ပံ့မှုမှာ လျော့နည်းလာကြောင်း စစ်ရှောင်အမျိုးသမီး အဖွဲ့အစည်းများ ပြောပါသည်။

KIO ထိန်းချုပ်နယ်မြေတွင် စစ်ရှောင်စခန်း ၁၉ ခု ၊ လူဦးရေ ၃၇၉၂၀ ရှိပြီး ကချင်ဒေသတစ်ကျော့ပြန် တိုက်ပွဲဖြစ်ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ် ၂၀၁၃ ခုနှစ်ထိ KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်ပြည်သူများ၏ စားဝတ်နေရေးကို KOI အစိုးရမှ တာဝန်ယူခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ယခုလက်ရှိ အချိန်ထိ လူမှုအဖွဲ့အစည်းများမှ တာဝန်ယူ ထောက်ပံနေခြင်းဖြစ်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ မှတ်တမ်းစားရင်းများအရ သိရသည်။

မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...
ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...