ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးခန်လင်နေအိမ် ချိတ်ပိတ်ခံရ

ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးခန်လင်နေအိမ် ချိတ်ပိတ်ခံရ

ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ ကချင်ပြည်နယ်လွှတ်တော်ဒုဥက္ကဌဟောင်း ဦးခန်လင်၏ နေအိမ်ကို စစ်ကောင်စီ လက်အောက်ခံ ပူတာအိုခရိုင် ရဲတပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက ယမန်နေ့ မေလ(၂၅)ရက်နေ့ ညနေ(၃)နာရီခန့်က လာရောက် ချိတ်ပိတ်သွားကြောင်း သိရသည်။

ပူတာအိုမြို့၊ လုံစွတ်ရပ်ကွက်ရှိ ၎င်း၏ နေအိမ်မှ ရှောင်တိမ်းနေသည်မှာ (၁)နှစ်ကျော်ရှိနေပြီဖြစ်ပြီး ယမန်နေ့က ပူတာအို ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက လာရောက် ချိတ်ပိတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ပိတ်တာတော့ ဟုတ်တယ်။ မနေ့က ပိတ်တာ ဟုတ်တယ်။ ပူတာအိုရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းကလည်း ပါတယ်။ ထွေအုပ်ကရော ပါတယ်။ လက်ရှိတော့ ဘယ်သူမှ မနေဘူး။ သူတို့လည်း ရှောင်နေတယ်ဆိုတော့။ နိုင်ငံရေး မတည်ငြိမ်တဲ့နောက်ပိုင်းကနေ လူမနေတော့ဘူး။ ပူတာအိုဘက်တော့ ဒါပထမဦးဆုံးလို့ ပြောလို့ရတာပေါ့။ အခုရှောင်နေရတဲ့ အချိန် အိမ်တွေ သိမ်းခံရတော့ စိတ်မကောင်းဘူးပေါ့နော်”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ယမန့်နေ့မှာပင် ဗန်းမော်မြိုနယ် ၊  အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၏  နေအိမ်ကို စစ်ကောင်စီတပ်ဖွဲဝင်များမှ ချိတ်ပိတ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၏ နေအိမ်ကိုလည်း တစ်လအတွင်းရွှေ့ပြောင်းကြရန် အသိပေးစာ ကပ်ထားကြောင်းလည်း သိရသည်။

ဦးခန်လင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တွင်  NLD ကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ကချင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌအဖြစ် (၅) နှစ်တာဝန်ထမ်းဆောင်ခဲ့သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...