ဗန်းမော်လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်များအား စစ်ကောင်စီချိတ်ပိတ်

ဗန်းမော်လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်များအား စစ်ကောင်စီချိတ်ပိတ်

ဗန်းမော်မြို့နယ် ၊  အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၏  နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ယမန်နေ့က ချိတ်ပိတ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၏ နေအိမ်ကိုလည်း တစ်လအတွင်းရွှေ့ပြောင်းကြရန် အသိပေးစာ ကပ်ထားကြောင်း သိရသည်။

ဗန်းမော်မြို့ ၊ နောင်ခိုရပ်ကွက်တွင်ရှိသည့် ဦးဇော်သင်း၏ နေအိမ်တွင် နေထိုင်သူမရှိ‌သည့်အတွက် ချိတ်ပိတ်သွားခြင်းဖြစ်ကြောင်း ဖြစ်စဉ်အားသိရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

" ဦးဇော်သင်းရဲ့အိမ်က ဘာမှမရှိတော့လို့ ချိတ်ပိတ်လိုက်တာ ။ ဦးအောင်သိန်းအိမ်ကျတော့ တစ်လအတွင်း အားလုံး သယ်ထားဖို့ ပစ္စည်းတွေအားလုံးသယ်ထား တစ်လအတွင်းမှာ ချိတ်ပိတ်မယ် အဲဒီလိုမျိုး စာကပ်သွားတယ်။ အမှန်က ဦးဇော်သင်းအိမ်မှာ ပစ္စည်းတွေရှိရင်က စာပဲကပ်မှာ ဒါပေမယ့်ဘာမှမရှိတော့ဘူး။”ဟု ဆိုသည်။

လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသည့် ယင်းလွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်များကို ခရိုင်ရဲတပ်ဖွဲ့မှ သွားရောက်ချိတ်ပိတ်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံက ဆိုသည်။

"မနေ့က နေ့လည်ပိုင်း တစ်နာရီလောက်မှာ ဖြစ်တယ်ထင်တယ်။ အဲဒါက ဦးဇော်သင်းအိမ်ချိတ်ပိတ်တာ ။ ဦးအောင်သိန်း အိမ်ကျတော့ ညနေ ၅ နာရီလောက်မှာထင်တယ် ခရိုင်မှူးနဲ့ ခရိုင်ရဲတွေပေါ့ ။ သူတို့တောထဲမှာနေနေတာ ဒီကထောက်ပံ့လို့ နေနိုင်တာပေါ့။ အဲ့ဒီတော့ ဒါတွေချိတ်ပိတ်လိုက်ရင် မထောက်ပံနိုင်တော့ဘူးလို့ ထင်လို့ မထောက်ပံ့နိုင်အောင်ချိတ်ပိတ်လိုက်တာ ဖြစ်မယ်"ဟုလည်း ဒေသခံက ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းတို့သည် (၂၀၂၀) ရွေးကောက်ပွဲတွင် အနိုင်ရရှိထားကြသည့် ကိုယ်စားလှယ်များဖြစ်ပြီးစစ်‌အာဏာသိမ်းပြီး နောက်ပိုင်းကာလတွင် လုံခြုံရေးအရ နေအိမ်များတွင် မနေထိုင်ဘဲ ရှောင်တိမ်းနေကြခြင်း ဖြစ်သည်။

February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...