ရမ်းဗြဲ-ကျောက်နီမော်လမ်း ပျက်စီးနေမှု တာဝန်ခံအင်ဂျင်နီယာကို လွှတ်တော်ကိုယ်စားလှယ် သတိပေး

ရမ်းဗြဲ-ကျောက်နီမော်လမ်း ပျက်စီးနေမှု တာဝန်ခံအင်ဂျင်နီယာကို လွှတ်တော်ကိုယ်စားလှယ် သတိပေး
RiA ၊ ဇူလိုင် ၂၈။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်နှင့် ကျောက်နီမော်ကျေးရွာသို့ ဖောက်လုပ်ထားသည့်လမ်းမှာ ပြုပြင်ထိန်းသိမ်းမှု အားနည်းပြီး သွားလာရေး ခက်ခဲနေသည့်အတွက် တာဝန်ခံအင်ဂျင်နီယာကို လွှတ်တော်ကိုယ်စားလှယ်က ယနေ့မနက်ပိုင်းတွင် သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါလမ်းမှာ ရမ်းဗြဲမြို့နယ်အတွင်း အသုံးပြုမှုအများဆုံး လမ်းမတစ်ခုဖြစ်ကာ အလျား ၂၄ မိုင်ခန့်ရှိပြီး ရမ်းဗြဲမြို့နှင့် လူဦးရေညီမျှသည့် ကျောက်နီမော် အပါအဝင် ကျေးရွာပေါင်း ငါးဆယ်ကျော်တို့ အဓိကအသုံးပြုနေကြသည့် လမ်းဖြစ်ကြောင်း သိရသည်။ “မနေ့က ကျွန်တော်ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရမ်းဗြဲ-ကျောက်နီမော်လမ်းဟာ တော်တော်လေးကို အခြေအနေဆိုးရွားနေတာကို တွေ့ရတဲ့အတွက် တာဝန်ခံအင်ဂျင်နီယာကို ဒီမနက်ကပဲ ပြောထားပါတယ်။ ကွင်းဆင်း စစ်ဆေးဖို့အတွက်ပါ။ တချို့နေရာတွေမှာ လုံးဝသွားလို့မရတဲ့အနေအထားတွေ ရှိပါတယ်။”ဟု ရမ်းဗြဲမြို့ အမှတ် ၂ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ပြောသည်။ အဆိုပါလမ်းမှာ ဒေသခံများ အဓိကအသုံးပြုနေသည့် လမ်းမတစ်ခုဖြစ်သည့်အပြင် လုံခြံုရေးအတွက်လည်း အရေးပါသည့် လမ်းဖြစ်သဖြင့် အလွယ်တကူသွားလာနိုင်သည့် လမ်းတစ်လမ်းအဖြစ် ရှိနေရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ “အခုလမ်းမှာက လူသွားများတဲ့ ရမ်းဗြဲကနေ ခြောက်မိုင်အကွာမှာ အဆိုးဆုံးပါ။ ကျန်တဲ့နေရာတွေမှာလည်း အကွက် လိုက်ကို ပျက်နေတာတွေ အများကြီးရှိနေပါတယ်။ ပြီးတော့ ကျောက်နီမော်နဲ့ သစ်ပုတ်ချွိန်ကြား မှာလည်း ခြောက်မိုင် လောက်က လုံးဝပျက်နေပါတယ်။ ကားတွေဆိုင်ကယ်တွေ လုံးဝသွားလို့မရဘူး။ တစ်နာရီကို ၈ မိုင်လောက်ပဲ သွားနိုင် တယ်။”ဟု ဦးသန်းမောင်ဦးက ပြောသည်။ အဆိုပါလမ်းအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယခုနှစ်ဘတ်ဂျက်တွင် လွှတ်တော်မှ လိုအပ်ငွေများကို သုံးစွဲရန်အတွက် ချထားပေးခဲ့သော်လည်း လက်ရှိတွင် ယင်းလမ်း၏ ပြီးစီးမှုအခြေအနမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိပြီး ကျန်အပိုင်းများမှာ တာဝန်ယူပြုလုပ်နေသည့် ဌာန၏ ကြပ်မတ်မှုအားနည်းချက်ကြောင့် သွားလာရေး အခက်အခဲများရှိနေကြောင်း သိရသည်။ “ရခိုင်တစ်ပြည်နယ်လုံးအတွက် ပြင်ထိန်းမှာသုံးဖို့ တောင်းသမျှဘတ်ဂျက်ကို ချပေးထားတာ ဖြစ်ပါတယ်။ လုပ်တဲ့ နေရာမှာလဲ အလုပ်သမားတွေလုပ်တာ ဘာတွေလိုအပ်လဲ။ အဆင်မပြေမှုတွေရှိလား။ သွားပြီးတော့ ကြီးကြပ်ပေးဖို့ အတွက် ပြောတာဖြစ်ပါတယ်။”ဟု သူကဆိုသည်။ ယင်းလမ်းမအား ပြင်ထိန်းလုပ်ငန်းအတွက် ဘတ်ဂျက်ငွေ ကျပ်သိန်း ၁၂၀၀ နီးပါး ချပေးထားခြင်းဖြစ်ကာ ယခုလမ်းပျက်စီးနေရခြင်းမှာ ပေါက်ပြဲသွားသည့် လမ်းနေရာများအား ပြန်လည်ဖာထေးမှုများ မပြုလုပ်ခြင်း၊ ရေနှုတ်မြောင်းများဖြင့် ရေစီးရေလာကောင်းမွန်အောင် ရေဖောက်ချပေးခြင်း မရှိသည့်အတွက် ပျက်စီး နေခြင်းဖြစ်ကြောင်း သိရသည်။
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...