တပ်သိမ်းမြေ ပြဿနာများကို ဖြေရှင်းပေးသွားမည် ဖြစ်သည့်အတွက် စာရွက်စာတမ်းနှင့် အထောက်အထားစုံလင်စွာ တင်ပြရန် စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ပြော

တပ်သိမ်းမြေ ပြဿနာများကို ဖြေရှင်းပေးသွားမည် ဖြစ်သည့်အတွက် စာရွက်စာတမ်းနှင့် အထောက်အထားစုံလင်စွာ တင်ပြရန် စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ပြော

ကချင်ပြည်နယ်အတွင်းရှိ တပ်သိမ်းမြေ ပြဿနာများကို လက်ရှိစစ်ကောင်စီလက်ထက်တွင် ဖြေရှင်းပေးသွားမည် ဖြစ်သည့်အတွက် စာရွက်စာတမ်းနှင့် အထောက်အထားစုံလင်စွာ တင်ပြရန် စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားပါတယ်။

ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အစိုးရအပြောင်းအလဲဖြစ်နေချိန် တောင်သူများ တင်ပြ လာသည်များကို မြေပြင်အထိ ကွင်းဆင်းစစ်ဆေးပြီးနောက် သက်ဆိုင်ရာဌာနအဆင့်ဆင့်၏ တင်ပြချက် ပေါ်မှုတည်ပြီး စစ်တပ်နှင့် ညှိနှိုင်းပေးမှုများကို ကြိုးစားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ စစ်ကောင်စီ တက်လာသည့်နောက်ပိုင်း ယနေ့အထိ တောင်သူများ၏ သိမ်းဆည်းခံမြေယာများနှင့် ပတ်သက်ပြီး တင်ပြချက်မရှိသေးကြောင်းလည်း ဦးခက်ထိန်နန်က ပြောသည်။

“အရင်အစိုးရအဆက်ဆက်က တင်ပြထားတာတွေကတော့ ရှိကောင်းရှိမယ်။ ကြားကာလ အစိုးရလုပ်လာတဲ့အခါမှာကြတော့ တင်ပြလာတာတော့ မတွေ့မိသေးဘူး။ အခုအထိတော့ အထူးတင်ပြလာတာ မရှိသေးဘူး။” ဟု ဦးခက်ထိန်နန်က ဆိုသည်။

ကချင်ပြည်နယ်အတွင်း မြေယာပြဿနာနှင့် ကြုံတွေ့နေရသည်မှာ မိုးညှင်ခရိုင်တွင် အများဆုံး ဖြစ်ကြောင်းနှင့် ကျန်ခရိုင်များတွင် အနည်းအကျဉ်းသာ ရှိကြောင်း ပြည်နယ်အတွင်းရှိ မြေယာပြဿနာ ကြုံနေရသည့် တောင်သူများကို ကူညီပေးနေသူ အမျိုးသမီး တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ဖြေကြားခဲ့ဖူးသည်။ လက်ရှိစစ်ကောင်စီ အုပ်ချုပ်နေစဉ်အတွင်း တပ်သိမ်းမြေကိစ္စနှင့် ပတ်သက်ပြီး မိုးညှင်းမြို့နယ်မှ တပ်သိမ်းဆည်းခံ လယ်ပိုင်ရှင်အမျိုးသားတစ်ဦးက“ငါတို့တောင်မရသေးဘူး၊ တပ်သိမ်းမြေ အခုထိတင်နေရတုန်း သူတို့ဘာမှမကြားသေးပါဘူးမောင်ရယ်။ ဒီလိုပါပဲ အပေါ်ကသာပြောတာ အောက်ကဘာမှမှ မလုပ်တာကြီးကို။” ဟု ပြောသည်။

အဆိုပါ တောင်သူများသည် အစိုးရခေတ်အဆက်ဆက် အထောက်အထားများဖြင့် သက်ဆိုင်ရာသို့ စာအကြိမ်ကြိမ်တင်ပြခြင်း အပြင်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သော်လည်း ယနေ့တိုင် မရရှိသေးကြောင်း သိရသည်။ စစ်တပ်က ၎င်းတို့ကိုယ်တိုင် သိမ်းဆည်ခဲ့သည့် မြေယာများဖြစ်သည့်အတွက် လက်ရှိ နိုင်ငံတော် အာဏာကို သိမ်းယူအုပ်ချုပ်နေချိန်အတွင်း တပ်နှင့် တောင်သူများ၏ မြေယာပြဿာနာများကို အမြန်ဆုံးဖြေရှင်းပေးရန် မျှော်လင့်ကြောင်းလည်း မိုးညှင်းတောင်သူအရေး ဆောင်ရွက်သူအမျိုးသမီးက တောင်သူများကိုယ်စား ပြောဆိုသည်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...